Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဖိနပ် ကြော်ငြာ အတွက် ၀တ်လစ်စလစ် ဓါတ်ပုံရိုက်ခဲ့တဲ့ မော်ဒယ်လ် ၃ ဦး

ဖိနပ် ကြော်ငြာ အတွက် ၀တ်လစ်စလစ် ဓါတ်ပုံရိုက်ခဲ့တဲ့ မော်ဒယ်လ် ၃ ဦး

| No comment



လတ်တလော နာမည်ကြီးနေတဲ့ Victoria's Secret ရဲ့ မော်ဒယ်လ်တွေဖြစ်တဲ့ Gigi Hadid ၊ Lily Aldridge နဲ့ Joan Smalls တို့ဟာ Sturat Wietzman ဆိုတဲ့ ကုန်ပစ္စည်းကြော်ငြာ တစ်ခုအတွက် ၀တ်လစ်စလစ် ဓါတ်ပုံ အရိုက်ခံခဲ့ကြပါတယ်။

အသက် ၂၀ အရွယ် Gigi Hadid ၊ အသက် ၃၀ နှစ်အရွယ် Lily Aldridge နဲ့ အသက် ၂၇ နှစ်အရွယ် Joan Smalls တို့ဟာ Sturat Wietzman အမှတ်တံဆိပ် ရဲ့ ၂၀၁၆ ခုနှစ် နွေရာသီ Campaign အတွက် မော်ဒယ်လ်တွေဖြစ်လာကြောင်းကို ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ကြပြီး လူမှု မီဒီယာတွေမှာလည်း သူတို့ ၃ ယောက်ရဲ့ ကြော်ငြာ ဓါတ်ပုံတစ်ပုံကို ဝေမျှခဲ့ကြပါတယ်။

Sturat Wietzman အမှတ်တံဆိပ်ဟာ ဖိနပ် ထုတ်လုပ်ရောင်းချတဲ့ အမှတ်တံဆိပ်ဖြစ်ပြီး ကုမ္မဏီအနေနဲ့ ထို မော်ဒယ်လ် ၃ ယောက်ကို ရွေးချယ်ခဲ့တာဟာ သူတို့ ၃ ယောက်ရဲ့ လူမှု ဆက်ဆံရေး ၊ ခေတ်ရှေ့ပြေးတဲ့ ဖက်ရှင် အယူအဆ တွေနဲ့ သက်တောင့်သက်သာ ဖြစ်တဲ့ လူငယ်ကောင်မလေးတွေရဲ့ Sexy ဗားရှင်းကို ရည်ရွယ်ပြီး အခုလို ကြော်ငြာရိုက်ကူးတာဖြစ်တယ်လို့ ဆိုထားပါတယ်။

Aldridge နဲ့ Smalls တို့ဟာ သူတို့ရဲ့ Victoria's Secret အတွက် မော်ဒယ်လ် လုပ်ပေးခဲ့တာကြောင့် လူသိများပြီး Gigi Hadid ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ တုန်းက ပြုလုပ်ခဲ့တဲ့ Victoria's Secret ဖက်ရှင်ရှိုးမှာမှ ပထမဆုံးအကြိမ် Aldridge ၊ Smalls တို့နဲ့ လက်တွဲလာခဲ့တာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi