Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Chris Brown က သမီးလေးကို Royalty ဖျော်ဖြေပွဲစင်မြင့်ပေါ်ကို ခေါ်ဆောင်ခဲ့

Chris Brown က သမီးလေးကို Royalty ဖျော်ဖြေပွဲစင်မြင့်ပေါ်ကို ခေါ်ဆောင်ခဲ့

| No comment



Chris Brown ဟာ Los Angeles မှာ ပြုလုပ်တဲ့ သူ့ရဲ့ တေးအယ်လ်ဘမ်သစ် မိတ်ဆက်ဖျော်ဖြေပွဲကို အသက် ၁ နှစ်ရှိပြီဖြစ်တဲ့ သမီးငယ်လေးကို စင်မြင့်ပေါ်ထိ ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။

 “ LA, ခင်ဗျားတို့ကို အများကြီး ချစ်ပါတယ်ဗျို့၊ ဒီလို လာရောက်အားပေးတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်။ ကျွန်တော့်ရဲ့ တေးအယ်လ်ဘမ်အသစ်ကို ဆိုင်တွေမှာ ၀ယ်ယူအားပေးနိုင်ပါပြီ” လို့ဆိုကာ သမီးငယ်ရဲ့လက်ကို ကိုင်မြှောက်ပြီး “ Bye လို့ နှုတ်ဆက်လိုက်ပါဦး၊ သမီးလေး ဘာပြောဦးမလဲ?” လို့ ဆိုကာ မိုက်ကရိုဖုန်းကိုင်ပြီး ရှက်နေတဲ့ သမီးငယ်ကို စနောက်နေခဲ့ပါသေးတယ်။

နာမည်ကျော်အဆိုတော်ဟာ Instagram မှာ စင်မြင့်ပေါ်မှာ သမီးငယ်နဲ့အတူ ရိုက်ကူးထားတဲ့ပုံကို တင်ထားပြီး "#ROYALTY" လို့ ရေးသားကာ အခွေစဖြန့်ချိတဲ့ သောကြာနေ့ကပဲ တင်ထားခဲ့ပါတယ်။

သူနဲ့ သမီးငယ်လေးတို့ အတူတူရိုက်ကူးထားတဲ့ ဖျော်ဖြေပွဲစင်မြင့်နောက်ကပုံမှာလည်း “ ကျွန်တော့် အချစ်တုံးလေးနဲ့ အတူတူ ဒီည ကဲထားတာလေ” လို့ ရေးသားပြီး တင်ထားခဲ့ပါသေးတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi