Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ၾသစေၾတးလ် နဲ့ နယူးဇီလန်ခရီးစဉ်များကိုအဆိုတော် Chris Brown ဖျက်သိမ်း

သြစတြေးလျ နဲ့ နယူးဇီလန်ခရီးစဉ်များကိုအဆိုတော် Chris Brown ဖျက်သိမ်း

| No comment



အမေရိကန်အဆိုတော် Chris Brown ဟာသြစတြးလျနဲ့ နယူးဇီလန်ဖျော်ဖြေရေးခရီးစဉ်များကိုဖျက်သိမ်းလိုက်ကြောင်းပွဲစီစဉ်သူများကအတည်ပြုပြောကြားခဲ့ပါတယ်၊

ဒါဟာသူ့ရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကြောင့် ပြည်ဝင်ခွင့်ဗီဇာရုပ်သိမ်းခံရပြီးလအနည်းငယ်အကြာမှာထွက်ပေါ်လာတာဖြစ်ပါတယ်။

ဖျက်သိမ်းရတဲ့အကြောင်းအရင်းကိုတော့ ပွဲစီစဉ်သူတွေက မပြောပြခဲ့ပါဘူး၊

Brown ကအခြေအနေကောင်းပြီး သူ့ရဲ့ One Hell of a Nite ဖျော်ဖြေရေးခရီးစဉ်ကိုနောက်တစ်ပတ်နှောင်းပိုင်းမှာစတင်နိုင်တယ်လို့သိရပါတယ်၊

သြစတြေးလျလူဝင်မှုကြည့်ကြပ်ရေးကပြောရေးဆိုခွင့်ရှိသူကတော့ဒီဖြစ်ရပ်အတွက်မှတ်ချက်မပေးလိုပါဘူးလို့ပြောကြားခဲ့ပါတယ်။

နယူးဇီလန်လူဝင်မှုကြည့်ကြပ်ရေးပြောရေးဆိုခွင့်ရှိသူကတော့ Chris Brown ဟာသူ့ရဲ့ဗီဇာလျှောက်လွှာကိုပြန်လည်ရုတ်သိမ်းခဲ့ပြီး ထိုလျှောက်လွှာနဲ့ပတ်သက်ပြီးတော့လည်း ဆုံးဖြတ်ချက် တစ်စုံတစ်ရာပြုလုပ်ထားခြင်းမရှိခဲ့ဘူးလို့သိရပါတယ်၊

Brown ဟာ ၂၀၀၉ခုနှစ်မှာ သူ့ရဲ့ချစ်သူဖြစ်တဲ့ ပေါ့ပ်စတား Rihanna ကိုရိုက်နှက်မှုအတွက်တောင်းပန်ခဲ့ရပြီး အဲ့ဒီမတိုင်ခင်မှာတော့ သြစတြေးလျကို နှစ်ခါလာရောက်ဖျော်ဖြေဖူးတယ်လို့သိရပါတယ်၊

(Matheu)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: BBC