Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ကိုယ်ပိုင် ဖက်ရှင် Collection အတွက် ကြော်ငြာ ဓါတ်ပုံရိုက်ခဲ့တဲ့ Jennifer Lopez

ကိုယ်ပိုင် ဖက်ရှင် Collection အတွက် ကြော်ငြာ ဓါတ်ပုံရိုက်ခဲ့တဲ့ Jennifer Lopez

| No comment




ဒီတစ်ကြိမ်တော့ Sexy ပေါ့ပ် အဆိုတော် Jennifer Lopez ဟာ အဖော်အချွတ်မပါပဲ လုံးဝ ခမ်းနားထည်ဝါစွာနဲ့ သူမရဲ့ အ၀တ်အစား အမှတ်တံဆိပ် အသစ်အတွက် ကြော်ငြာ ဓါတ်ပုံ ရိုက်ခဲ့ပါတယ်။

J.Lo By Jennifer Lopez ဆိုတဲ့ သူမရဲ့ ကိုယ်ပိုင် ဖက်ရှင် ကော်လက်ရှင် အတွက် Hunter & Gatti ဆိုတဲ့ ဓါတ်ပုံဆရာတွေနဲ့ အတူ ကြော်ငြာဓါတ်ပုံ ရိုက်ခဲ့တဲ့ Jennifer Lopez ဟာ ဂန္တ၀င်ဆန် ပြီး စတိုင်လ် ကျတဲ့ ဖက်ရှင်တွေကို သာ ၀တ်ဆင်ခဲ့တာကိုတွေ့ရပါတယ်။

အသက် ၄၆ နှစ်ရှိနေပြီဖြစ်တဲ့ Jennifer Lopez ဟာ နိုဝင်ဘာလ အစောပိုင်းတုန်းကလည်း အမေရိကန် ဂီတ ဆုပေးပွဲအတွက် အစီအစဉ် တင်ဆက်သူ အဖြစ် ဆောင်ရွက်ခဲ့ပြီး လော့အိန်ဂျလိစ် မြို့မှာ ပြုလုပ်ခဲ့တဲ့ ထို ဆုပေးပွဲမှာ သူမဟာ မတူညီတဲ့ အ၀တ်အစား ၁၀ စုံ အထိ လဲလှယ်ခဲ့တဲ့အတွက် ပရိတ်သတ်တွေလည်း အံ့အားသင့်ခဲ့ရပါတယ်။

သူမ အဲဒီလို အ၀တ်အစား လဲနိုင်ဖို့အတွက်တော့ အ၀တ်အစား စီစဉ်တဲ့အဖွဲ့ တစ်ဖွဲ့တော့ သူမရဲ့ နောက်ကွယ်မှာ ရှိကိုရှိရမယ် လို့ လေ့လာသူ တွေကလည်း သုံးသပ်နေကြပါတယ်။



( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror