Victoria Beckham ကတော့ ခင်ပွန်းဖြစ်သူ David Beckham ထက် ဝင်ငွေပိုကောင်းလျက်ရှိနေတယ်လို့ နောက်ဆုံးရရှိထားတဲ့သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။ ဟုတ်ပါတယ်။ Victoria Beckham ရဲ့ Victoria ဖက်ရှင်ဒီဇိုင်းဟာ အရမ်းအောင်မြင်နေပြီးတော့ အကျိုးအမြတ်တွေအများကြီး ရရှိခဲ့လို့ အခုလို ခင်ပွန်းဖြစ်သူထက် ဝင်ငွေတွေပိုများလာခဲ့ရတာပါ။ Spice Girl ရဲ့ အဖွဲ့ဝင်ဟောင်းဟာ သူမရဲ့ Victoria ဖက်ရှင် brand ရဲ့ ဝင်ငွေတွေကြောင့် အခုလို ခင်ပွန်းဖြစ်သူ Beckham ရဲ့ ဝင်ငွေကို ကျော်ဖြတ်နိုင်လာတာပါ။
ဘဏ္ဍာရေးရှင်းတမ်းတွေအရ Victoria Beckham ကုမ္ပဏီရဲ့ အမြတ်အစွန်းတွေဟာ ပေါင်ကိုးသန်းကနေ ပေါင် ၂၅ သန်းအထိ ရောက်ရှိလာခဲ့ပြီးတော့ David ရဲ့ အမြတ်အစွန်းကတော့ ပေါင် ၁၇ သန်းလောက်သာရှိခဲ့တာပါ။ ဒီစုံတွဲဟာ သူတို့ရဲ့ အောင်မြင်မှုကို အချိန်အတော်ကြာ ထိန်းသိမ်းထားနိုင်ပြီး သူတို့ရဲ့ ပုံရိပ်အသုံးပြုမှုတွေကနေလည်း ပေါင် ၁၂ သန်းလောက် အကျိုးအမြတ်တွေရခဲ့တယ်လို့ သိရပါတယ်။
အခုလို Victoria ရဲ့ အောင်မြင်မှုတွေကြောင့် Beckham မိသားစုရဲ့ အဓိက ဝင်ငွေအများဆုံး ရှာဖွေနိုင်သူဟာ တစ်နေ့မှာ Victoria Beckham ပဲဖြစ်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေ ပြုလုပ်နေကြပါတယ်။ သူမဟာ ၂၀၀၈ ခုနှစ်မှ Victoria ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပေမယ့်လည်း သူမရဲ့ အားစိုက်ကြိုးစားမှုတွေကြောင့် အခုလိုမျိုး အောင်မြင်လာတာပါ။ သူဟာ ဝန်ထမ်းပေါင်း ၁၀၀ ကျော်ကို အလုပ်ပေးထားနိုင်ပြီး လန်ဒန်မှာ ဖက်ရှင်ဆိုင်တစ်ဆိုင်ကိုလည်း ဖွင့်လှစ်ထားနိုင်ခဲ့ပါတယ်။
သူမဟာ အွန်လိုင်းဈေးကွက်ကိုလည်း ဖက်ရှင်ဒီဇိုင်းတွေ ပေါက်ရောက်အောင် ဖြန့်ကျက်ထားနိုင်ပြီး ဟောင်ကောင် ၊ အမေရိကန်နဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာပါ ဈေးကွက် ရရှိအောင် စွမ်းဆောင်ထားနိုင်လို့ အခုလို အောင်မြင်လာတာပဲဖြစ်ပါတယ်။
သူမဟာ ကိုယ်ပိုင်ဖက်ရှင် ဒီဇိုင်းတွေကို ကိုယ်တိုင်လည်း ဝတ်ဆင်ပြ့ပီး အရောင်းမြှင့်တင်လေ့ ရှိပြီး သူမရဲ့ နောက်ပိုင်းငါးနှစ်အတွင်း ရောင်းအားဟာ ၂၉၀၀ ရာခိုင်နှုန်းအထိ တစ်ဟုန်ထိုးတိုးတက်လာတယ်လို့ သိရပါတယ်။ ဒါကြောင့် ဘောလုံးကစားသမားဘဝတုန်းက လစာကောင်းခဲ့တဲ့ David Beckham ကို Victoria က တစ်ဖန် ပြန်ဦးဆောင်ရမယ့် အချိန်ကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။
( Paing A K )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Dailytelegraph