Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , စင်္ကာပူရုပ်ရှင်ပွဲတော်မှာဝတ်စုံအပြည့်နဲ့အလန်းဆုံးဖြစ်နေခဲ့တဲ့ David Beckham

စင်္ကာပူရုပ်ရှင်ပွဲတော်မှာဝတ်စုံအပြည့်နဲ့အလန်းဆုံးဖြစ်နေခဲ့တဲ့ David Beckham

| No comment



ကမ္ဘာကျော်ဘောလုံးစတား David Beckham ဟာ People မဂ္ဂဇင်းကချီးမြှင့်ခဲ့တဲ့ သက်ရှိထင်ရှားရှိသူများထဲမှဆွဲဆောင်မှုအားအကောင်းဆုံးအမျိုးသား ဆုကိုရရှိပြီးနောက်ပိုင်းမှာ ယခုလိုမရီနာဘေးဟိုတယ် မှာကျင်းပတဲ့ ရုပ်ရှင်ပွဲတော်ကို အလွန်ကြည့်ကောင်းတဲ့ နောက်ပြန်လှန်ဆံပင်ပုံစံ၊ အနောက်တိုင်းဝတ်စုံအပြည့်နဲ့အတူ ကျက်သရေရှိရှိတက်ရောက်ခဲ့တာပါ။

သူဟာ အင်္ဂါနေ့ညနေမှာကျင်းပတဲ့ အဆိုပါရန်ပုံငွေပွဲမှာ ရွှေရောင်ဆံပင်ပိုင်ရှင် အလှမဒီနှစ်ဦးနဲ့လဲ ကောင်းကောင်းစကားလက်ဆုံကျနေခဲ့ပါတယ်၊ သုံးယောက်စကားပြောနေကြတာဟာ မျက်နှာမှာအပြုံးပန်းတွေဝေဆာနေခဲ့လို့ မီဒီယာတွေကဝေဖန်နေကြပါတယ်။

ဘာပဲပြောပြော အသက်၄၀အရွယ်ရှိပြီဖြစ်တဲ့ Beckham ကိုဇနီး Victoria ကတော့စိတ်ချသေးမယ့်ပုံမပေါ်သေးပါဘူး၊၊




(Blue Lion)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror