Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သူ့ရဲ့ ကလေးတွေကို အရမ်းကို ကံအကျိုးပေးကောင်းခဲ့သူတွေလို့ ဆုံးမခဲ့တဲ့ David Beckham

သူ့ရဲ့ ကလေးတွေကို အရမ်းကို ကံအကျိုးပေးကောင်းခဲ့သူတွေလို့ ဆုံးမခဲ့တဲ့ David Beckham

| No comment



UNICEF ရဲ့ သံတမန်တစ်ယောက်ဖြစ်တဲ့ David Beckham ဟာ UNICEF နဲ့  ပရဟိတလှုပ်ရှားမှုအဖြစ် ကမ္ဘာအနှံ့က ဒုက္ခသည်ကလေးငယ်တွေဆီကို သွားရောက်ခဲ့ပါတယ်။ သူဟာ ဒီခရီးစဉ်ကနေ ပြန်ရောက်လာတဲ့အချိန်မှာတော့ သူ့ရဲ့ကလေးတွေဖြစ်တဲ့ Brooklyn, Romeo, Cruz  နဲ့  Harper တို့ကို သူတို့ဟာ ကံအကျိုးပေးအလွန်ကောင်းတဲ့ ကလေးတွေဖြစ်ပြီး တစ်နေ့မှာတော့ သူရဲ့ကလေးတွေကိုပါ သူနဲ့အတူ ဒီလို ခရီးမျိုးတွေကို လိုက်ပါစေလိုတယ်လို့ ပြောပါတယ်။ 

David Beckham က " ကျွန်တော် အခုသွားခဲ့တဲ့ ခရီးတစ်ခုစီတိုင်းမှာ တစ်ယောက်ချင်းစီနဲ့ သေချာဆွေးနွေးခဲ့ပြီးတော့ အချက်အလက်တွေ အတော်များများကို သိခဲ့ရတယ်။ ကျွန်တော့် ကလေးတွေဟာ ကျွန်တော်ပြန်ရောက်လာရင် ခရီးစဉ်တွေအကြောင်းကို စပ်စုလေ့ရှိကြတယ်။ ကျွန်တော်တွေ့သမျှ မြင်သမျှတွေကို ပြောပြလိုက်တော့ သူတို့ဟာ အရမ်းကို ကံကောင်းတဲ့သူတွေပါလားဆိုတာကို သိသွားကြတယ်။

ကျွန်တော်ကတော့ သူတို့ကို ခေါ်သွားပြီးတော့ လက်တွေ့ပြချင်သေးတာ။ သူတို့က အခုလောလောဆယ်တော့ ကျောင်းစာတွေနဲ့ နပမ်းလုံးနေရတယ်။ သူတို့ အရွယ်ရောက်လာရင်တော့ အဲ့ဒီခရီးတွေဆီကို ခေါ်သွားမယ် " လို့ ပြောပါတယ်။



 David Beckham ဟာ အာရှနဲ့ အာဖရိကတို့ကို အဓိက သွားရောက်ခဲ့ပြီး နယူးဂီနီက ချို့တဲ့ကလေးငယ်တွေနဲ့ နီပေါနိုင်ငံက ငလျင်ဒဏ်ခံစားလိုက်ရတဲ့ ကလေးငယ်တွေကို သွားရောက် အားပေးခဲ့တာဖြစ်ပါတယ်။ သူဟာ အာဖရိက ခရီးစဉ်တစ်လျှောက်မှာ ရေသန့်နဲ့ အိမ်သာ စနစ် မကောင်းမွန်မှုတွေကို ခံစားနေရတဲ့ ကလေးငယ်တွေ တဲလေးနဲ့နေပြီး ဘဝကို ပင်ပင်ပန်းပန်းဖြတ်သန်းနေရတဲ့ ကလေးငယ်တွေကို လိုက်ပြီး အားပေးခဲ့ပါတယ်။ အာရှခရီးစဉ်မှာတော့ နီပေါနိုင်ငံက ငလျင်ဒဏ်ကြောင့် စာဆက်မသင်နိုင်တော့တဲ့ကလေးငယ်တွေကိုလည်း  UNICEF အကူအညီနဲ့ စာသင်ကျောင်းတွေ ပြန်ဆောက်နိုင်ဖို့ စွမ်းဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။





( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror