Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , 'Deadpool' ရုပ်ရှင်ဇာတ်ကားအညွှန်းကို You Tube မှာ ကြည့်ရှုနိုင်

'Deadpool' ရုပ်ရှင်ဇာတ်ကားအညွှန်းကို You Tube မှာ ကြည့်ရှုနိုင်

| No comment



Twentieth Century Fox ရဲ့ Deadpool ရုပ်ရှင်ဇာတ်ကားအညွှန်းကို ခရစ္စမတ်နေ့ဖြစ်တဲ့ သောကြာနေ့က You Tube မှာ စတင် တင်ထားခဲ့ရာ ကြည့်ရှုမှုအကြိမ်ရေပေါင်း ၂ သန်းကျော် ရရှိခဲ့ပါသတဲ့။

Marvel Comics ရဲ့ နာမည်ကျော် သူရဲကောင်းဇာတ်ဆောင်ကို အခြေခံရိုက်ကူးထားတဲ့ Deadpool ဟာ အထူးတပ်ဖွဲ့ဝင်ဟောင်းအဖြစ်ကနေ ကြေးစားစစ်သားအဖြစ် ရပ်တည်နေတဲ့ Wade Wilson ဟာ စမ်းသပ်မှုတစ်ခုအပြီး အမြန်ဆန်ဆုံး ပြန်လည်ကုသနိုင်စွမ်းရည်တွေ ရရှိသွားပြီး အမှောင်ကမ္ဘာနဲ့ တိုက်ခိုက်ရာမှာ သူ့ရဲ့စွမ်းရည်အသစ်တွေကို သုံးစွဲချေမှုန်းတဲ့အကြောင်းကို ဟာသနှောပြီး ရိုက်ကူးတင်ဆက်ထားကာ ဇာတ်လမ်းအညွှန်းက ၃မိနစ်စာ ကြာချိန်ရှိပါတယ်။

Ryan Reynolds, Morena Baccarin, Ed Skrein, T.J. Miller, Gina Carano နဲ့ Brianna Hildebrand တို့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ရုံတင်ပြသသွားမှာပါတဲ့။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI