Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သူငယ်ချင်းရဲ့ ခင်ပွန်း သေဆုံးမှုအတွက် ၀မ်းနည်းကြောင်းရေးသားခဲ့တဲ့ Demi Lovato

သူငယ်ချင်းရဲ့ ခင်ပွန်း သေဆုံးမှုအတွက် ၀မ်းနည်းကြောင်းရေးသားခဲ့တဲ့ Demi Lovato

| No comment



အဆိုတော်မလေး Demi Lovato ဟာ သူမရဲ့ Twitter အကောင့် ကို အသုံးပြုပြီး သူမရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Tiffany Thornton ရဲ့ ခင်ပွန်းဖြစ်သူ Chris Carney ရဲ့ သေဆုံးမှု အတွက် ၀မ်းနည်းကြောင်းတွေကို ရေးသားခဲ့ပါတယ်။

ဂီတပညာရှင်တစ်ယောက်လည်းဖြစ်တဲ့ Chris Carney ဟာ ပြီးခဲ့တဲ့ အပတ်က အမေရိကန်ပြည်ထောင်စု ၊ Arkansas ပြည်နယ် မှာ ယာဉ်တိုက်မှု ကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

သရုပ်ဆောင်တစ်ယောက်လည်းဖြစ် ၊ အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ Demi Lovato က သူမရဲ့ Twitter အကောင့်ကတဆင့် ၀မ်းနည်းကြောင်း ရေးသားဖော်ပြခဲ့ပြီး သူမရဲ့ သူငယ်ချင်း သရုပ်ဆောင် Thornton ကို အားပေးခဲ့တာတွေ့ရပါတယ်။

Demi Lovato နဲ့ Thornton တို့ဟာ Disney Channel ရဲ့ တယ်လီဗေးရှင်း အစီအစဉ်ဖြစ်တဲ့ "Sonny with a chance" မှာ အတူလက်တွဲ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ Demi Lovato က ၀မ်းနည်းကြောင်းရေးသားရာမှ Thornton နဲ့ Carney တို့ရဲ့ မင်္ဂလာဆောင် ဓါတ်ပုံကိုပဲ ပြန်လည်ဝေမျှခဲ့တာဖြစ်ပါတယ်။

သေဆုံးသူ Carney ကတော့ The Prom Kings ဆိုတဲ့ ရော့ခ် တီးဝိုင်းရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီး Tiffany Thornton နဲ့ ၂၀၁၁ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

Chris Carney နဲ့ Tiffany Thornton


( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse