Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အိပ်ပျော်နေတဲ့ ခင်ပွန်း ရဲ့ဓါတ်ပုံကို ဖော်ပြခဲ့တဲ့ Demi Lovato

အိပ်ပျော်နေတဲ့ ခင်ပွန်း ရဲ့ဓါတ်ပုံကို ဖော်ပြခဲ့တဲ့ Demi Lovato

| No comment



Demi Lovato က တနင်္လာနေ့က ပရိသတ်တွေကို သူရဲ့ ချစ်သူဖြစ်သူ Wilmer Valderrama နဲ့ ဆက်ဆံရေးကို လျပ်တစ်ပြက် အသိပေးခဲ့ပါတယ်။

၂၃ နှစ်အရွယ် အဆိုတော်က သူ့ဘေးမှာအိပ်ပျော်နေတဲ့ ၃၅ နှစ်အရွယ် မင်းသားတို့ အတူတွဲရိုက်ထားတဲ့ ပုံတစ်ပုံကို Instagram မှာ ဖော်ပြထားပြီး “ ဒီနေ့ ကျွန်မရဲ့#NMM ပုံကိုတော့ မတင်တော့ဘူး ဒါပေမယ့် ဒီ ချစ်စရာကောင်းတဲ့ မိသားစုပုံလေးကိုတော့ တင်လိုက်မယ် “ လို့လည်း ရေးသားထားခဲ့ပါတယ်။

Lovato နဲ့ Valderrama တို့က ၂၀၁၀ ခုနှစ်ကတည်းက တွဲခဲ့ကြတဖြစ်ပေမယ့် သြဂုတ်လတုန်းကE! News နဲ့ အင်တာဗြူးမှာတော့ လက်ထပ်ဖို့ အလျင်မလိုသေးပါဘူးလို့ ဖြေကြားခဲ့ကြပါသတဲ့။

“ကျွန်မ သူနဲ့ လွန်ခဲ့တဲ့ ၅ နှစ်လောက်က တွေ့ခဲ့ပြီး အဲဒီနောက်ပိုင်း ကျွန်မတို့ ပိုနီးစပ်လာကြပါတယ်။ ကျွန်မ သူ့ကို တကယ်သဘောကျပါတယ်။ သူနဲ့ ပထမဆုံး ချိန်းတွေ့တုန်းက ဒီလို အသက်ပိုကြီးတဲ့သူနဲ့ တွေ့ရလို့ ရှက်နေတာမျိုးမရှိခဲ့ပါဘူး။ သူကလည်း မင်း အသက်ငယ်ငယ်လေး ရှိသေးတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မအခု မငယ်တော့ပါဘူး” လို့လည်း Ryan Seacrest ရဲ့ ရေဒီယို အစီစဉ်မှာ သူက မင်းသားနဲ့ မြင်မြင်ချင်း သဘောကျခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi