Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ရေကူးရင်း ချစ်သူကောင်လေးကို မြူဆွယ်ခဲ့တဲ့ Demi Lovato

ရေကူးရင်း ချစ်သူကောင်လေးကို မြူဆွယ်ခဲ့တဲ့ Demi Lovato

| No comment



အဆိုတော်မလေး Demi Lovato ဟာ ဒီတစ်ပတ် ပြင်သစ် ဘာသာစကားပြောပြီး ကာရေးဘီးယန်း ကျွန်းစွယ်တစ်ခုဖြစ်တဲ့ St Barts မှာ သူမ ရဲ့ ချစ်သူနဲ့ အတူ အပန်းဖြေခဲ့တယ်လို့ သိရပါတယ်။

Confident သီချင်းရဲ့  ပိုင်ရှင် Demi Lovato ဟာ Victoria's Secret ရဲ့  Swim Special ဆိုတဲ့အစီအစဉ်အတွက် မော်ဒယ်လ်မလေး တွေနဲ့ အတူ ရိုက်ကူးရေး လာရောက် ရင်း ချစ်သူ Wilmer Valderrama နဲ့ အတူ ရေကူးရင်း အပန်းဖြေနေခဲ့တာပါ။

ထို အပန်းဖြေတဲ့ ဓါတ်ပုံတွေထဲ က တစ်ပုံမှာတာ့ သူမဟာ ရေကူးနေရင်း သူမရဲ့  ရေကူးဝတ်စုံကို ချွတ်လိုက်ကာ သူ့ရဲ့ ချစ်သူ ကို မြှောက်ရမ်းပြလိုက်ပြီး သူမဆီလာဖို့ မြူဆွယ်နေတာကိုတွေ့ ရပါတယ်။ သူမဟာ ရေကူးဝတ်စုံကို ရေထဲကနေ မြှောက်ရမ်းပြလိုက်တာကို သူမရဲ့ ချစ်သူ Wilmer Valderrama ကတော့ တောင်ကုန်းအထက်ကနေ ကြည့်နေရင်း သူမ ရှိရာ ရေပြင်ထဲကို ဆင်းလာခဲ့ပါတယ်။

Demi Lovato တို့ အတွဲနဲ့အတူ Nick Jonas နဲ့ Joe Jonas တို့ညီ အစ်ကိုဟာလည်း ထိုကမ်းခြေမှာ အပန်းဖြေနေခဲ့ပြီး သူတို့ ညီအစ်ကို ၂ ယောက်ကလည်း Demi တို့ အတွဲနဲ့ အတူ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို လူမှု ကွန်ရက်မှာ ဝေမျှထားပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror