Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ခင်ပွန်းဟောင်း ဓါတ်ပုံကို အခုချိန်ထိ ဧည့်ခန်းမှာ ချိတ်ဆွဲထားတဲ့ Demi Moore

ခင်ပွန်းဟောင်း ဓါတ်ပုံကို အခုချိန်ထိ ဧည့်ခန်းမှာ ချိတ်ဆွဲထားတဲ့ Demi Moore

| No comment



ဟောလီးဝုဒ် သရုပ်ဆောင်တွေဖြစ်ကြတဲ့ Demi Moore နဲ့ Ashton Kutcher တို့ဟာ သူတို့ရဲ့ အိမ်ထောင်ရေးကို ၂၀၁၃ ခုနှစ်မှာ ကွာရှင်းပြီး အဆုံးသတ် ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အတွင်းလူတွေရဲ့ ပြောကြားချက်အရတော့ Demi Moore ဟာ သူမနဲ့ Ashton Kutcher တို့ရဲ့ ၂ ယောက်တွဲ ဓါတ်ပုံ ကို သူမ အိမ်ရဲ့ ဧည့်ခန်းထဲမှာ ချိတ်ဆွဲထားဆဲ ပဲ ဖြစတယ်လို့ သိရပါတယ်။

OK! မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရတော့ Demi Moore ဟာ ခင်ပွန်းဟောင်းကို မမေ့နိုင်သေးပဲ ဖြစ်နေပြီး သူမရဲ့ နည်းလမ်းထဲမှာ ခင်ပွန်းဟောင်းကို အနီးကပ်ရှိနေအောင် ဖန်တီးထားဆဲပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အမည် မဖော်လိုသူ သတင်းအရင်းအမြစ်တစ်ဦးက ပြောကြားခဲ့တာကတော့ "Demi ဟာ သူမရဲ့ လော့အိန်ဂျလိစ် နေအိမ်ရဲ့ ဧည့်ခန်းထဲမှာ သူမနဲ့ Ashton Kutcher တို့ နမ်းရှုံ့နေတဲ့ ဓါတ်ပုံ ကို ချိတ်ဆွဲထားဆဲပါ" လို့ ဆိုခဲ့ပါတယ်။

Demi Moore နဲ့ Ashton Kutcher တို့ဟာ ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ကွာရှင်းခဲ့ကြတာဖြစ်ပါတယ်။ သူတို့ရဲ့ ကွာရှင်းမှုကိုလည်း လူသိရှင်ကြား ဆောင်ရွက်ခဲ့ကြပြီး Ashton ဟာ အခုလက်ရှိမှာတော့ ဟောလီးဝုဒ် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Mila Kunis နဲ့ လက်ထပ်ထားပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse