Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , တရားခွင်တက်ဖို့ ပျက်ကွပ်ခဲ့တဲ့ ရပ်ပ်ပါ DMX ဖမ်းဝရမ်းထုတ်ခံရ

တရားခွင်တက်ဖို့ ပျက်ကွပ်ခဲ့တဲ့ ရပ်ပ်ပါ DMX ဖမ်းဝရမ်းထုတ်ခံရ

| No comment


အမေရိကန် သရုပ်ဆောင်နှင့် ရပ်ပ်ပါ ဖြစ်သူ DMX တစ်ယောက်တော့ ဥပဒေနဲ့ ညိစွန်းပြန်ပါပြီ။ နယူးယောက်ပြည်နယ် ဝက်စ်ချက်စ်တာ စီရင်စု အထက်တရားရုံးကို ဒီဇင်ဘာ ၁၄ရက်နေ့မှာ တရားခွင်တက်ရောက်ဖို့ ပျက်ကွက်ခဲ့တာကြောင့် DMX ကို ဖမ်းဝရမ်းထုတ်လိုက်တာပဲ ဖြစ်ပါတယ်။

DMX ရဲ့ ဇနီးဟောင်း Tashera Simmons ကို ကလေးစရိတ်ပေးဖို့ ကိစ္စနဲ့ပတ်သက်ပြီး အောက်တိုဘာလမှာ ရုံးချိန်ပေးခဲ့တာပါ။ ဒါကို DMX ကတက်ရောက်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် တရားသူကြီး Paul Marx က ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီ့အချိန်မှာပဲ DMX က သူ့ရဲ့ ဘဏ္ဍာရေးကို လွဲမှားစွာစီမံမှုနဲ့ သူ့ရဲ့ စီးပွားရေးမန်နေဂျာကို အလုပ်ဖြုတ်ခဲ့ပါတယ်။ သူ ပိုက်ဆံယူထားတဲ့ ရှိုးပွဲတွေကို လိုက်ဆိုစရာရှိတယ်လို့တော့ သူက တရားသူကြီးကို ပြောခဲ့ပြီးသားပါ။

DMX က တရားခွင်တက်ရောက်ရမယ့်အစား လတ်စ်ဗေးဂတ်စ်က Foxtail Nightclub မှာ သွားရောက်ဖျော်ဖြေနေစဉ်မှာ လက်ရှိ ဝရမ်းကိုထုတ်ပြန်ခံခဲ့ရတာဖြစ်ပါတယ်။

DMX ရဲ့ ၄၅နှစ်မြောက်မွေးနေ့က ဒီဇင်ဘာ ၁၈ရက်နေ့ပါ။ သူ့ရဲ့မွေးနေ့ကို ထောင်ထဲမှာ မဖြတ်သန်းရပါစေနဲ့လို့ မျှော်လင့်မိပါတယ်။

( Skyler )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

#celebrity.thithtoolwin.com

Ref: theboombox