Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , တတိယ အကြိမ်မြောက် လက်ထပ်တော့မယ့် Eva Longoria

တတိယ အကြိမ်မြောက် လက်ထပ်တော့မယ့် Eva Longoria

| No comment



ရုပ်ရှင် သရုပ်ဆောင် မင်းသမီး Eva Longoria ဟာ တတိယ အကြိမ် မြောက် လက်ထပ် ဖို့ ပြင်ဆင်နေပါပြီ။ "Desperate Housewives" ဇာတ်လမ်းတွဲရဲ့ ကြယ်ပွင့်ဖြစ်တဲ့ Eva Longoria ဟာ ဒီတစ်ခေါက်မှာတော့ သူမရဲ့ချစ်သူ စီးပွားရေးသမား Jose Antonio Bson နဲ့ လက်ထပ်မှာဖြစ်ပါတယ်။

Eva Longoria ဟာ သူမရဲ့ စေ့စပ်တဲ့သတင်းကို Instagram မှာ ပြီးခဲ့တဲ့ အပတ်က တင်ထားခဲ့ပြီး စနေနေ့က ကျင်းပခဲ့တဲ့ ဒူဘိုင်း အပြည်ပြည်ဆိုင်ရာ ရုပ်ရှင် ပွဲတော်မှာ သူမနဲ့ Baston တို့ နမ်းနေတဲ့ ဓါတ်ပုံကိုလည်း တင်ထားတာတွေ့ရပါတယ်။

သူမက ထိုဓါတ်ပုံကို "အင်း အခုတော့ ဖြစ်လာပြီ #စေ့စပ်ပြီး #ဒူဘိုင်း #ပျော်ရွှင်မှု" အစရှိသဖြင့် ခေါင်းစဉ်ရေးသားထားပါတယ်။ ပရိတ်သတ်တွေကတော့ မင်းသမီးကို ဂုဏ်ပြု ဆုမွန်ကောင်းတွေ အပြိုင်အဆိုင် ကွန်မန့်ရေးသားခဲ့ကြပါတယ်။

သူတို့ ၂ ဦးဟာ ၂၀၁၃ ခုနှစ်မှာ စတင်တွဲခဲ့ကြတာဖြစ်ပါတယ်။ Eva Longoria ဟာ အရင်တုန်းကလည်း မင်းသား Tyler Christopher နဲ့ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ၊ ပြင်သစ် ဘတ်စကတ်ဘော ကစားသမား Tony Parker နဲ့ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် အထိ အိမ်ထောင် ၂ ကြိမ် ကျခဲ့ဖူးပါတယ်။



( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse