Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Five Seconds of Summer အဖွဲ့ရဲ့ အဆိုတော် နဲ့တွဲနေတယ်ဆိုတာ မဟုတ်ဘူးလို့ Hailey Baldwin ဆို

Five Seconds of Summer အဖွဲ့ရဲ့ အဆိုတော် နဲ့တွဲနေတယ်ဆိုတာ မဟုတ်ဘူးလို့ Hailey Baldwin ဆို

| No comment



အမေရိကန် ဓါတ်ပုံမော်ဒယ်လ် နဲ့ ဘဲလေး အကပညာရှင် တစ်ယောက်ဖြစ်တဲ့ Hailey Baldwin ဟာ Five Seconds of Summer အဖွဲ့ရဲ့ Sexy အဆိုတော် Luke Hemmings နဲ့ တွဲနေတယ်ဆိုတဲ့ ကောလာဟလ တွေကို ငြင်းဆိုလိုက်ပါတယ်။

သူတို့ ၂ယောက်ကို နယူးယော့ခ်မြို့တော်မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ အတူတွေ့လိုက်ရပြီးတဲ့နောက် သူတို့ ၂ ယောက်ကို တွဲခုတ်နေကြတယ်လို့ ပရိတ်သတ်တွေက လက်ခံလိုက်ကြပါတယ်။ ဒါပေမယ့် Hailey Baldwin ကတော့ သူတို့ရဲ့ အချစ်ရေး သတင်း ဟာ မမှန်ကန်ကြောင်း ပြောလိုက်ပါတယ်။

မော်ဒယ်လ် မလေး Baldwin ဟာ အဆိုတော်လေး Luke Hemmings နဲ့ အတူ နယူးယော့ခ်မြို့က Cipriani စားသောက်ဆိုင်မှာ အတူတွေ့ခဲ့ရတာဖြစ်ပါတယ်။ E! သတင်းဌာန ရဲ့ တင်ပြချက်ထဲမှာတော့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပြထားတာဟာ သူတို့ ၂ ယောက်က သူငယ်ချင်း တွေပဲ ဖြစ်ကြတယ်တဲ့။

ဒါကို Hailey Baldwin က "ငါ 5 Seconds of Summer အဖွဲ့က Luke နဲ့ တစ်ခါမှာ Date မလုပ်ခဲ့ဖူးပါဘူး။ " လို့ Twitter မှာရေးသားခဲ့ပေမယ့် ရေးပြီး မကြာခင်မှာပဲ ထို Tweet ကို ပြန်ဖျက်ခဲ့တာလည်း တွေ့ရပါတယ်။

အောက်တိုဘာလ တုန်းက ထွက်ပေါ်လာခဲ့တဲ့ ဗီဒီယိုထဲမှာတော့ Hailey Baldwin ဟာ 5 Seconds of Summer အဖွဲ့ရဲ့ အဆိုတော် Luke Hemmings နဲ့ နမ်းနေတာကိုတွေ့ခဲ့ရဖူးတဲ့အတွက် ပရိတ်သတ်တွေကတော့ Hailey Baldwin အမှန်မပြောတာလို့ပဲ ထင်နေကြပါတယ်။ Hailey Baldwin ဟာ အရင်တုန်းကလည်း Justin Bieber နဲ့ တွဲခဲ့ဖူးပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse