Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ရုပ်အဆိုးဆုံးဝတ်စုံလို့အလှောင်ခံရတဲ့ Harry Styles နဲ့ နတ်သမီးများသဖွယ်လှပခဲ့တဲ့ Little Mix.

ရုပ်အဆိုးဆုံးဝတ်စုံလို့အလှောင်ခံရတဲ့ Harry Styles နဲ့ နတ်သမီးများသဖွယ်လှပခဲ့တဲ့ Little Mix.

| No comment


One Direction အဖွဲ့ဝင် Harry Styles ဟာ ဒီနေ့ဆုပေးပွဲမှာရုပ်အဆိုးဆုံးဝတ်စုံဆုနဲ့အတူ အိမ်ပြန်သွားခဲ့ရပါတယ်၊
ထူးထူးဆန်းဆန်း အစင်းကြောင်းဘောင်းဘီ၊ ရှပ်အင်္ကျီအနက်ရောင် နဲ့ လည်စည်းအနက်တွေနဲ့ BBC ဂီတဆုပေးပွဲကို တက်ရောက်လာခဲ့တာပါ၊



ကျန်တဲ့သုံးယောက်လုံးရဲ့ဝတ်စားပုံကတော့အထင်ကြီးလေးစားစရာဖြစ်ခဲ့ပြီး ရှုပ်ရှုပ်ထွေးထွေးတွေပြချင်တာထက် ရိုးရိုးရှင်းရှင်းနဲ့ ပိုပေါ်လွင်အောင်ဝတ်ဆင်ခဲ့ကြတာပါ၊

အဖွဲ့သားတစ်ဦးဖြစ်သူ Liam Payne ကတော့ ရိုးရိုးသာမန်ရှပ်အင်္ကျီတောက်တောက်ကို သာမန်ဘောင်းဘီတစ်ထည်နဲ့တွဲဝတ်ခဲ့ပြီး Louis Tomlinson ကတော့သာမန် T-Shirtတစ်ထည်ကိုဝတ်ကာသူ့ရဲ့
တက်တူးတွေရဲ့အလှကိုပြခဲ့ပါတယ်။ Niall ကတော့အမြဲတမ်းသူ့ကိုယ်သူ မိုက်နေအောင်စီမံနေပုံ ရပြီး၊ အနက်ရောင်ဗြောင် T-shirt ကိုအပေါ်က Baseball ဂျက်ကတ်ထပ်ဝတ်ပြီးခပ်လန်းလန်းတက်ရောက်
ခဲ့ပါတယ်၊



တစ်ချိန်ထဲမှာပဲ Little Mix အဖွဲ့သားတွေကလဲ ကြယ်ပွင့်တွေအများကြီးကြားထဲမှာမှ သူတို့ရဲ့ Sexyကျတဲ့စတိုင်တွေကြောင့် ကော်ဇောနီပေါ်မှာ အမှတ်အသားပြုစရာဖြစ်ခဲ့ပါတယ်၊

သူတို့က သူတို့ရဲ့ပေါင်တံတွေနဲ့  အလှအပတွေကိုအဓိကလှစ်ဟပြခဲ့ကြပြီး ကြာသပတေးနေ့ညကပွဲကိုပါဝင်စီးမျောခဲ့ကြတာပါ၊

သူတို့ကို မင်းသမီးစစ်သည်တော်တွေလို့ ဗြိတိန်မီဒီယာတွေကတင်စားခဲ့ကြပါတယ်၊ 




(Blue Lion)
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: Daily Mail