Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အရမ်း hot နေတဲ့ Rita Ora

အရမ်း hot နေတဲ့ Rita Ora

| No comment

အဆိုတော်မလေး Rita Ora ကတော့  Elle Canada မဂ္ဂဇင်းအတွက် မော်ဒယ်စွမ်းဆောင်ရည်တွေကို ညှို့အားပြင်းပြင်းနဲ့ ထုတ်ဖော်ပြလိုက်ပြန်ပါပြီ။ X Factor မှာ ဒိုင်လူကြီးအဖြစ်လုပ်ကိုင်နေတဲ့ သူမကတော့ အဖြူအမည်း ဓာတ်ပုံထဲမှာ သူမရဲ့ ကောက်ကြောင်းအလှတွေကို ပြသထားပြီး ဆံပင်ခပ်တိုတိုနဲ့ ဆွဲဆောင်မှုအားတွေ ကောင်းနေပါတယ်။


 သူမနဲ့ အစိမ်းရောင်ဖျော့ဖျော့ two -piece ကတော့ ပနံတင့်လှပနေပြီး  အရမ်းကို လှပလို့နေရဲ့။ သူမဟာ အဆိုတော်မလေးတစ်ယောက်ဆိုပေမယ့်လည်း ကင်မရာရှေ့မှာလည်း ဂိုက်ပေးကြမ်းပြီး အထာကျလို့နေပါတယ်။ ဒါပေမယ့်လည်း

ဓာတ်ပုံရိုက်တာက သူမအတွက်တော့ ခက်ခဲတဲ့အလုပ် ဖြစ်နေဆဲပါပဲလို့ ပြောပြခဲ့ပါတယ်။ " ကျွန်မက သူများတွေကို ဆွဲဆောင်နိုင်ဖို့ အစွမ်းအစတွေ ရှိနေတယ်ဆိုတော့ အံ့အားသင့်မိတယ်။ ကျွန်မက အဲ့လို ဆွဲဆောင်မှုမျိုးကို လိုချင်မိတာ။



ကျွန်မကိုယ် ကျွန်မ ဒီလို ဓာတ်ပုံတွေ ရိုက်ရလို့ ပိုပိုပြီး ယုံကြည်မှုတွေ ပိုရှိလာတယ် " လို့ ထင်မိတယ်လို့ Rita Ora က ပြောပါတယ်။



( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail