ရုပ်ရှင်ချစ်ပရိတ်သတ်တွေ နှစ်ရှည်လများမျှော်လင့်စောင့်စားနေကြတဲ့ ‘Independence Day’ ရုပ်ရှင်ကားရဲ့ အဆက် ‘Independence Day: Resurgence’ ဇာတ်ကားနမူနာပိုင်းဟာ တနင်္ဂနွေနေ့ က ထွက်ရှိလာပြီ ဖြစ်ပါတယ်။
ဒီဇာတ်ကားမှာတော့ ပထမဇာတ်လမ်းရဲ့ ဇာတ်လိုက်မင်းသား Will Smith ပါဝင်လာမှာမဟုတ်ဘဲ၊ Jeff Goldblum ၊ Bill Pullman နဲ့ Vivica A.Fox တို့ ကတော့ ပြန်လည်ပါဝင်လာပါတယ်။ ဒါရိုက်တာကတော့ ပထမ ဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Roland Emmerich ပဲ ဖြစ်ပြီး ‘The Hunger Games’ ရုပ်ရှင်ဇာတ်ကား တွေရဲ့ မင်းသား Liam Hemsworth လည်း မျက်နှာသစ်သရုပ်ဆောင်အနေနဲ့  ပါဝင်လာပါတယ်။
ပထမဇာတ်လမ်းကဖြစ်ရပ်တွေဖြစ်ပွားပြီးနောက်နှစ် ၂၀ အကြာမှာ၊ နိုင်ငံပေါင်းစုံဟာ ဂြိုလ်သားတပ်တွေရဲ့ အကြွင်းအကျန်၊အပျက်အစီးတွေက ရယူထားတဲ့ နည်းပညာကို အသုံးပြုပြီး ကမ္ဘာကြီးကို ကာကွယ်ဖို့ အတွက် အလွန်ကြီးမားတဲ့ ကာကွယ်ရေးပရိုဂရမ်ကြီးတစ်ခုကို ပူးပေါင်းဖော်ဆောင်ခဲ့ကြပါတယ်။
ဒါပေမယ့် ဂြိုလ်သားတွေဟာ နောက်ဆုံးတိုက်ပွဲမှာမရှုံးနိမ့်ခင် အရေးပေါ်အချက်ပေးချက်တစ်ခုကို ပြန်ပို့ နိုင်ခဲ့ပြီး နောက် ကမ္ဘာကြီးဆီကို ဂြိုလ်သားတပ်ယာဉ်တွေ ထပ်ဆင်းသက်လာကာ လူသားမျိုးနွယ်ကို နောက်တစ်ကြိမ် ခြိမ်းခြောက်မှုပြုပုံကို ဇာတ်လမ်းဆင်ထားတာဖြစ်တယ်လို့ သိရပါတယ်။
‘Independence Day: Resurgence’ ကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ မှာ ရုံတင်သွားဖို့ သတ်မှတ်ထားပြီး ဒီဇာတ်ကားနမူနာဟာ ‘ Star Wars: The Force Awakens’ မထွက်ရှိခင် ပြသခဲ့တဲ့ အမိုက်စားရုပ်ရှင်ကားကြီး နမူနာတွေထဲ တစ်ခုဖြစ်ပါတယ်။
( Ye Wint )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : techinsider