Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ISIS က Justin Bieber ကို ပစ်မှတ်ထားနေ

ISIS က Justin Bieber ကို ပစ်မှတ်ထားနေ

| No comment


ISIS ဟာ အမေရိကန်လူမျိုးတွေရဲ့ ကြောက်လန့်မှုကို ရယူဖို့ တိုက်ခိုက်ချင်နေပါတယ်။ ကမ္ဘာ့နာမည် အကြီးဆုံး နာမည်ကြီးတွေထဲက တစ်ယောက်ကို သတ်ပစ်ခြင်းကြောင့် ISIS တိုက်ခိုက်မှုတွေကို လူတွေဒီ့ထက်ပိုကြောက်လာမယ်လို့ သူတို့က ယုံကြည်ထားပါတယ်။

ဒီလိုခြိမ်းခြောက်မှု သတင်းထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ Justin Bieber ရဲ့ လုံခြုံရေးဟာ သိပ်ကို တင်းကျပ်လာပါတယ်။ သူ ဘယ်လိုအန္တရာယ်မှ မကျရောက်စေရဘူးလို့ Justin Bieber ရဲ့ မန်နေဂျာဖြစ်သူ Scooter Braun ကပြောပါတယ်။

ISIS ရဲ့ နောက်ထပ်ပစ်မှတ်ကို ဗြိတိန်လို့ သတ်မှတ်ထားကြောင်း လုံခြုံရေး ကျွမ်းကျင်ပညာရှင်တစ်ဦးက သတိပေးပြောကြားခဲ့ပါသေးတယ်။

ဗြိတိန်နိုင်ငံဖွား ဂျီဟတ်သမားတွေဟာ ဆီးရီးယားကိုသွားခဲ့ပြီး အစွန်းရောက်အဖွဲ့နဲ့ ပူးပေါင်းခဲ့ပါတယ်။ သူတို့ဟာ သူတို့ရဲ့နေရပ်ဖြစ်တဲ့ ဗြိတိန်ကိုပြန်လာပြီး ပါရီအကြမ်းဖက်မှုလို တိုက်ခိုက်မှုမျိုးကို ရက်သတ္တပတ်ပိုင်း အတွင်း ပြုလုပ်မယ်လို့ သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

#celebrity.thithtoolwin.com

Ref: Daily Mail