Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Jaden Smith နဲ့ ရည်းစားဖြစ်သူ Sarah Snyder တို့ကို Miami မှာ အတူတွဲတွေ့ခဲ့ရ

Jaden Smith နဲ့ ရည်းစားဖြစ်သူ Sarah Snyder တို့ကို Miami မှာ အတူတွဲတွေ့ခဲ့ရ

| No comment



ဒီတစ်ပတ် ပိတ်ရက်မှာတော့ Jaden Smith နဲ့ ရည်းစားဖြစ်သူ Sarah Snyder တို့ကို Miami မှာ အတူတွဲတွေ့ခဲ့ရပါသတဲ့။

၁၇ နှစ်အရွယ် သရုပ်ဆောင်နဲ့ အသက် ၂၀ အရွယ် မော်ဒယ်လ်တို့ဟာ စနေနေ့က Jaden ရဲ့  Complex and Galore Art Basel Miami ပါတီအပြီး တနင်္ဂနွေနေ့က ကမ်းခြေမှာ အတူတကွ ရှိနေခဲ့ကြတာဖြစ်ပါတယ်။

Jaden နဲ့ Snyder တို့ဟာ မေလကတည်းက လက်တွဲခဲ့ကြတာဖြစ်ပြီး စက်တင်ဘာလက ပြုလုပ်တဲ့ New York Fashion Week မှာ အနမ်းပန်းတွေခြွေနေတာကို တွေ့ရှိခဲ့ရပါသေးတယ်။

 “Jaden နဲ့ Sarah တို့ဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းကိုချစ်ကြတာ။ သူတို့က အကြိုက်လည်းတူကြတယ်။ Jaden က Sarah ရဲ့ စတိုင်နဲ့ လွတ်လပ်ပေါ့ပါးတဲ့ ပုံစံတွေကို သဘောကျတယ်လေ။ သူကလည်း အများကြီး အထောက်အပံ့ပေးတယ်။ Sarah က Jaden ရဲ့ ဖျော်ဖြေပွဲတိုင်းကို လိုက်ကြည့်တယ်လေ။” လို့ ရင်းနှီးသူတစ်ဦးက ဆိုပါတယ်။

Jaden မင်းသား Will Smith and မင်းသမီး Jada Pinkett Smith တို့ရဲ့ သားကြီးဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် အဆိုတော် Willow Smith ရဲ့ အစ်ကိုလည်းဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI