Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Jennifer Aniston တို့ ဇနီးမောင်နှံ ဖန်ပြွန် သန္ဓေသားနဲ့ ကလေးယူဖို့ စီစဉ်နေ

Jennifer Aniston တို့ ဇနီးမောင်နှံ ဖန်ပြွန် သန္ဓေသားနဲ့ ကလေးယူဖို့ စီစဉ်နေ

| No comment



Jennifer Aniston တစ်ယောက် ရင်သွေးလေး ရတော့မယ်ဆိုတဲ့ အခြား ကောလာဟလ တွေထွက်ပေါ်လာပြန်ပါပြီ။ Life & Styles သတင်းဌာနက ဖော်ပြခဲ့တာက "Jennifer Aniston ရဲ့ ကြေညာချက်:ကျွန်မ ကလေးရနေပြီ" ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။

Life & Styles မှာဖော်ပြခဲ့တာကတွေကတော့ Jennifer Aniston ကိုယ်တိုင် ကြေညာချက်ထုတ်ပြန်တဲ့ သတင်းပါ။ Jennifer Aniston ရဲ့ သူငယ်ချင်း တစ်ဦးက မဂ္ဂဇင်းကို ပြောပြခဲ့တာကတော့ မင်းသမီးဟာ သူမ အနေနဲ့ ဖန်ပြွန် သန္ဓေသား ကနေတဆင့် ကလေးယူတော့မယ့် အကြောင်းကို သူငယ်ချင်းတွေကို ပြောပြခဲ့ပါတယ်တဲ့။

ထို သတင်းမှာပါဝင်တဲ့အကြောင်းအရာဟာ Jennifer Aniston နဲ့ ခင်ပွန်းသည် Justin Theroux တို့ ၂ ယောက်ဟာ ဖန်ပြွန်သန္ဓေသားကို အသုံးပြုပြီး သားယောကျာင်္းလေးတစ်ယောက်မွေးဖွားဖို့ ကြိုးစားနေကြတယ်ဆိုတာပါ။ ထိုသတင်းဌာနကပဲ တစ်ခါ ဖော်ပြခဲ့ဖူးတာက J.Aniston ဟာ သမီးမိန်းကလေး တစ်ယောက် ကိုမွေးစားဖို့ ကြိုးစားဒနေပါတယ်တဲ့။

ဒါပေမယ့်လည်း အဲဒီသတင်းဟာ မှားယွင်းနေတယ်လို့ ရင်းနှီးသူတွေက ဆိုခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်မှာတော့ Justin Theroux ရဲ့ မိဘ ဖြစ်ခွင့် ကို ပုံစံ ပြောင်းလဲလိုက်ပုံပါပဲ။ ရင်းနှီးသူတစ်ဦးက ပြောပြခဲ့တာကတော့ သူတို့လင်မယားဟာ သူတို့ရဲ့ ရင်သွေးလေးကို အငှားကိုယ်ဝန်ဆောင် မွေးဖွားပေးနိုင်မယ့် သင့်တော်သူတစ်ယောက်ကို ရှာဖွေနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်တုန်းကလည်း Jennifer Aniston နဲ့ ပတ်သက်ပြီးထွက်ပေါ်လာတဲ့ ကောလာဟလမှာတော့ သူမဟာ Brad Pitt နဲ့ Angelina Jolie တို့ရဲ့ By The Sea ဆိုတဲ့ ဇာတ်လမ်းကို အာရုံနောက်နေတယ်ဆိုတာပါ။ ဘာကြောင့်လဲဆိုတော့ သူမထင်နေခဲ့တာ ထို ဇာတ်လမ်းဟာ သူမနဲ့ Brad Pitt နဲ့ အရင် အိမ်ထောင်ရေးကို ဖော်ပြထားတယ်လို့ ထင်နေလို့ပါ။ သူမရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အဲဒီသတင်းဟာ ၁၀၀ ရာခိုင်နှုန်း မှားယွင်းနေတယ်လို့ ဆိုခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse