Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ကလေးတစ်ယောက်ကို မွေးစားဖို့ ကြိုးစားနေတဲ့ Jennifer Aniston

ကလေးတစ်ယောက်ကို မွေးစားဖို့ ကြိုးစားနေတဲ့ Jennifer Aniston

| No comment



လက်ထပ်ထားတာ မကြာသေးတဲ့ Jennifer Aniston နဲ့ Justin Theroux တို့ဟာ ကလေးတစ်ယောက်ကို မွေးစားဖို့ ပြင်ဆင်နေတယ်လို့  သိရပါတယ်။ OK! မဂ္ဂဇင်းကို အတွင်းလူတစ်ယောက်က ပြောပြခဲ့တာကတော့ သူတို့ စုံတွဲဟာ ကလေးမွေးစားဖို့အတွက် ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ဘိုရာဘိုရာ ကျွန်းကို ဟန်းနီးမွန်း ထွက်စဉ်ကတည်းက ပြင်ဆင်နေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ထို ရင်းနှီးသူ အတွင်းလူက "Jennifer Aniston ဟာ သူမရဲ့  စွန့်စားခန်းအသစ်အတွက် အဆင်သင့်ဖြစ်နေပါပြီ။ သူတို့ရဲ့ ကလေးကို အိမ်ခေါ်လာဖို့က လအန်ညးငယ်တော့ လိုပါသေးတယ်။ ဒါပေမယ့်လည်း Jen ရဲ့  အိပ်ရာဝင် ပုံပြင် အဆုံးသတ်ကို နောက်ဆုံးတော့ မြင်လိုက်ရပါပြီ" လို့ ဆိုပါတယ်။

အသက် ၄၆ နှစ်ရှိနေပြီဖြစ်တဲ့ Jennifer Aniston ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက သူမရဲ့  မျိုးဥတွေကို ရေခဲရိုက်ထားရသူဖြစ်ပြီး သူမဟာ သဘာဝအတိုင်းကိုယ်ဝန်ဆောင်ဖို့နဲ့ ဖန်ပြွန်သန္ဓေသားအဖြစ်ကိုယ်ဝန်ဆောင်ဖို့ကိုတော့ အားမလျှော့ခဲ့ပါဘူး။ လက်ရှိအခြေအနေအရတော့ သူမ ကိုယ်ဝန်ဆောင်နိုင်ခဲ့ရင်တောင် သူတို့ စုံတွဲဟာ ကလေးတစ်ယောက် မွေးစားသွားဦးမှာပါ။

လွန်ခဲ့တဲ့ ၁ နှစ်ခန့်တုန်းကလည်း Jennifer Aniston က Hollywood Reporter သတင်းဌာနကို  ဖွင့်ဟ ပြောကြားလာတာကတော့ သူမ နဲ့ အသက် ၄၄ နှစ်ရှိနေပြီဖြစ်တဲ့ Justin Theroux တို့ဟာ ကလေးရယူနိုင်ဖို့ မသေချာပေမယ့်လည်း သူတို့ ၂ ယောက်လုံးက ကလေး အရမ်းလိုချင်နေတယ်ဆိုတာပါပဲ။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse