Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Jennifer Lawrences က Amy Schumer နဲ့ တူညီဝတ်စုံဝတ်ပြီး ရွှေကမ္ဘာလုံးဆုပေးပွဲ တက်ရောက်မယ်လို့ဆို

Jennifer Lawrences က Amy Schumer နဲ့ တူညီဝတ်စုံဝတ်ပြီး ရွှေကမ္ဘာလုံးဆုပေးပွဲ တက်ရောက်မယ်လို့ဆို

| No comment



Jennifer Lawrences က သူငယ်ချင်းဖြစ်သူ Amy Schumer နဲ့ တူညီဝတ်စုံဝတ်ပြီး နောက်လမှာ ကျင်းပမယ့် ရွှေကမ္ဘာလုံးဆုပေးပွဲ တက်ရောက်မယ်လို့ဆိုပါတယ်။

မင်းသမီး ၂လက်လုံးဟာ ဟာသရုပ်ရှင်တည်းက ဇာတ်ဆောင် Joy နဲ့ Trainwreck တို့အဖြစ် သရုပ်ဆောင်ထားပြီး ပြီးခဲ့တဲ့တစ်ပတ်ကပဲ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်အဖြစ် ဆန်ကာတင်စာရင်းဝင်ခဲ့တာဖြစ်ပါတယ်။

Lawrence က စနေနေ့က E! News ကို “ ကျွန်မတို့ ၂ ယောက် ၀တ်စုံဆင်တူဝတ်ဖို့ စိတ်ကူးနေကြတာလေ” လို့ ဆိုပါတယ်။

 “ ဒါက ကျွန်မလုပ်ချင်နေတဲ့အရာတစ်ခုပဲ။ ကျွန်မတို့ ၂ ယောက် တကယ်ပဲ ၀တ်စုံဆင်တူ ၀တ်ချင်တာပါ…သူက Dior က ၀တ်စုံကို ၀တ်မယ်လို့ပြောတယ်။ သူတို့ ဘယ်လိုပုံစံပဲ ချုပ်ချုပ် ကျွန်မတို့ ၂ ယောက်အတွက် ချုပ်ခိုင်းမှာပါ” လို့လည်း သူကဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi