Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အမြွှာပူး သားသမီး ၂ ယောက် နဲ့ အတူတွဲကခဲ့တဲ့ Jennifer Lopez

အမြွှာပူး သားသမီး ၂ ယောက် နဲ့ အတူတွဲကခဲ့တဲ့ Jennifer Lopez

| No comment



Jennifer Lopez တစ်ယောက် ဒီအားလပ်ရက်တွေမှာ သူမရဲ့  အမြွှာပူးကလေးငယ် ၂ ယောက်ဖြစ်တဲ့  Emme နဲ့ Maz Muniz တို့နဲ့အတူ ကုန်ဆုံးခဲ့ပါတယ်။

အသက် ၄၆ နှစ်အရွယ် နာမည်ကျော်အဆိုတော်ဟာ သူမ ရဲ့ ၇ နှစ်အရွယ် သားနဲ့သမီးငယ်လေးတို့နဲ့ တနင်္လာနေ့က ပြုလုပ်ကျင်းပါတဲ့ Kris Jenner ရဲ့ ခရစ္စမတ်ပါတီပွဲမှာ တွဲကနေတဲ့ ပုံလေးတွေတင်ပြီး သူ့ရဲ့ပရိသတ်တွေကို ကြည်နူးဝမ်းသာစေခဲ့ပြန်ပါသတဲ့။

"Me and my mini me #coconuts #love #life," လို့ နာမည်တပ်ထားပြီး သူမနဲ့ Emme တို့ တွဲကနေတဲ့ပုံကို တင်ထားကာ "Me and my lil man #coconuts #love #life," လို့ ရေးထားတဲ့ပုံမှာတော့ သူမ နဲ့ သားငယ်လေး Max တို့အတူ ရိုက်ကူးထားတဲ့ပုံလေးကို တင်ထားပါတယ်။

၃ နှစ်ကြာခွဲနေခဲ့ပြီး ၂၀၁၄ ခုနှစ် ဇွန်လကမှ ကွာရှင်းပြတ်စဲထားတဲ့ခင်ပွန်းဟောင်းဖြစ်သူ Marc Anthony တို့နဲ့ရရှိခဲ့တဲ့ အမွှာပူးရင်သွေးငယ်လေးတွေကို J.Lo ဟာ ပြုစုစောင့်ရှောက်နေခဲ့တာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI