Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဟောလီးဝုဒ်မှာ သရုပ်ဆောင်ကြေး အများဆုံးရတဲ့ မင်းသားအဖြစ် Johnny Depp သတ်မှတ်ခံရ

ဟောလီးဝုဒ်မှာ သရုပ်ဆောင်ကြေး အများဆုံးရတဲ့ မင်းသားအဖြစ် Johnny Depp သတ်မှတ်ခံရ

| No comment



မင်းသားကြီး Johnny Depp ဟာ Forbes မဂ္ဂဇင်းက ရွေးချယ်ပေးတဲ့ ၂၀၁၅ ရဲ့ သရုပ်ဆောင်ကြေး မတန်မဆ အများဆုံးမင်းသားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒါဟာ ယခု ၂၀၁၅ ခုနှစ်အတွက် သူပါဝင်သရုပ်ဆောင် ထားတဲ့ ရုပ်ရှင်ကားတွေကနေ ပြန်ရတဲ့အမြတ်အစွန်းနည်းပါးမှုအပေါ် မူတည်ပြီး တွက်ချက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုစာရင်းမှာ သရဖူသိမ်းပိုက်နိုင်တာက သရုပ်ဆောင်တစ်ယောက်အတွက် ကောင်းတဲ့သရဖူမျိုးတော့ မဟုတ်ပါဘူး။ ပြီးတော့ Depp ဟာ အရင်ကလည်း ဒီစာရင်းမှာ ပါဝင်နေခဲ့တာကြောင့် သူ့ အတွက်တော့ ရတက်မအေးစရာဖြစ်ပါတယ်။

Depp ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ရုပ်ရှင်ကားတွေမှာ Depp ကို ပေးချေရတဲ့ တစ်ဒေါ်လာတိုင်းအတွက် ရုပ်ရှင်ကားကနေ ၁.၂၀ ဒေါ်လာပဲ ပြန်ရခဲ့ပါတယ်။ Depp ပါဝင်ထားတဲ့ Mortdecai ကော Transcendence ပါ box-office မှာ အခြေအနေသိပ်မကောင်းခဲ့ပေမယ့် Depp ရဲ့ အိတ်ကပ်ထဲကိုတော့ ဒေါ်လာတွေ သန်းချီ ရောက်သွားခဲ့တယ်လို့ Forbes က ပြောကြားခဲ့ပါတယ်။

နောက်နှစ် ဒါမှမဟုတ် ၂၀၁၇ ခုနှစ်မှာတော့ Depp တစ်ယောက်အခြေအနေကောင်းနိုင်ပါတယ်။ ဘာလို့ လည်းဆိုတော့ နောက်နှစ်ထဲ Alice Through the Looking Glass နဲ့ ၂၀၁၇ မှာ Pirates of the Caribbean: Dead Men Tell No Tales တို့ ထွက်ရှိမှာဖြစ်တာကြောင့် ဒီကားတွေကတော့ သူ့ ရဲ့ ရငွေ - ပြန်ရှာပေးနိုင်ငွေ အချိုးကို မြှင့်ပေးနိုင်ဖို့ မျှော်လင့်ရပြီး ဒီစာရင်းထဲကနေပါ အပြီးတိုင်ထွက်သွားရနိုင်ခြေ ရှိနေပါတယ်။

Depp နောက်မှာတော့ Danzel Washington က ဒုတိယ နေရာဆွတ်ခူးထားပြီး သူ့ ကို ပေးချေရတဲ့ တစ်ဒေါ်လာတိုင်းအတွက် ၆.၅၀ ဒေါ်လာ ပြန်ရှာပေးနိုင်ခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : USA Today