Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Justin Bieber ရဲ့ လျှို့ဝှက်ထားတဲ့ Instagram က ချစ်သူပေါ်ထွက်လာ

Justin Bieber ရဲ့ လျှို့ဝှက်ထားတဲ့ Instagram က ချစ်သူပေါ်ထွက်လာ

| No comment


Justin Bieber ဟာ အင်္ဂါနေ့က နာမည်တပ်မထားတဲ့ အလှပဂေးမလေးပုံတစ်ပုံကို တင်ပြီးတဲ့နောက် အင်တာနက်မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားရပါတော့တယ်.ဒီကောင်မလေးရဲ့ပုံဘေးမှာတော့ Bieber က သူ့ရဲ့ပရိတ်သတ်တွေကို ကောင်မလေးကဘယ်သူလဲဆိုတာ ရှာဖွေဖို့ “Omg .. ဒါ ဘယ်သူလေးလဲ!! “ ရေးသားပြီး စိန်ခေါ်ထားပါသေးတယ်။

ဒီ ပုံထဲကမိန်းကလေး ဘယ်သူလဲဆိုတာ ရှာတွေ့သွားချိန်မှာတော့ Instagram မှာ နာမည် “wolfiecindy” ဆိုတဲ့ မိန်းကလေးဖြစ်နေပြီး သူဟာ အွန်လိုင်းမှာ လူတွေအားလုံးရဲ့ အာရုံစိုက်ခြင်းကို ခံနေရပါပြီ။





Bieber ရဲ့ Cursh လေးကတော့ Instagram မှာ “ ကျွန်မ ဒါကို ဖြေရှင်းရမလဲ မသိတော့ပါဘူး။ ဒါပေမယ့် ကျွန်မမှာ ဒီ Instagram အကောင့်ပဲရှိတာပါ။ အရင်ကတော့  Twitter သုံးပေမယ့် ခု အဲ့အကောင့်ကို ဖျက်လိုက်ပါပြီ၊ ကျွန်မရဲ့ အရင်ကပုံတွေကို တစ်ယောက်ယောက်က ယူသိမ်းထားတာ နေမယ် ” လို့ ရေးသားထားပါတယ်။

Bieber ရဲ့ ချစ်ပရိတ်သတ်ကြီးကတော့ ဒီမိန်းကလေးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ Comment တွေ၊ Tag တွေအများကြီး လုပ်နေကြပါတော့သတဲ့။




( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI