Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Justin Bieber နဲ့ Kourtney Kardashian တို့တွဲနေတာ ၄ လ ရှိပြီလို့ဆို

Justin Bieber နဲ့ Kourtney Kardashian တို့တွဲနေတာ ၄ လ ရှိပြီလို့ဆို

| No comment



လူငယ်အဆိုတော်လေး Justin Bieber နဲ့ ကလေး ၃ ယောက်ရဲ့  မိခင်ဖြစ်တဲ့ Kourtney Kardashian တို့ဟာ အချစ်ဇာတ်လမ်း တွေဖန်တီးနေကြတယ်ဆိုတဲ့ ကောလာဟလ တွေထွက်ပေါ်ခဲ့ပြီးတဲ့နောက် ဆက်လက်ထွက်ပေါ်လာတဲ့ သတင်းတွေကတော့ ထင်ထားတာထက် ပိုဆိုးနေပါတယ်။

အသက် ၃၆ နှစ်အရွယ် ဖြစ်ရပ်မှန် ကြယ်ပွင့် Kourtney နဲ့ ပေါ့ပ်စတား Bieber တို့ဟာ ဟောလီးဝုဒ် အနောက်ဘက် အခြမ်းမှာ အတူတွေ့ခဲရပြီးတဲ့နောက် တွဲခုတ်နေတယ်ဆိုတဲ့ ကောလာဟလ တွေထွက်ပေါ်ခဲ့ရာကနေ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း Justin Bieber ရှိနေတဲ့ ဟိုတယ်တစ်ခုမှာ Kourtney ဟာ တစ်ညလုံးနီးပါး အချိန်ဖြုန်းခဲ့ ပြန်တာကြောင့် ပရိတ်သတ်တွေက ပိုမို သံသယ ရှိလာခဲ့တာဖြစ်ပါတယ်။

US မဂ္ဂဇင်း ရဲ့  ဖော်ပြချက်အရတော့ သူတို့၂ ယောက် ဟာ နိုဝင်ဘာလ ရဲ့ အရှေ့ လတွေကတည်းက တွဲနေခဲ့ကြတာပါတဲ့။

အခြားရင်းနှီးသူတစ်ဦးက People မဂ္ဂဇင်းကို ပြောပြခဲ့တာကတော့ "သူတို့ တွဲနေခဲ့တာ ၄ လလောက်ရှိပါပြီ။ သူဟာ သူမတို့ မိသားစုနဲ့ ရင်းနှီးပါတယ်။ Kris နဲ့လည်း အဆက်အဆံ ရှိပါတယ်။ ဒါဟာ Kourtney အတွက်တော့ သူမကိုယ်သူမ ခံစားရတာ ပိုအဆင်ပြေစေဖို့ပါ။ ဒီကောင်လေးကလည်း သူမကို သဘောကျတယ်။ ဒီကောင်လေးထင်ထားတာက သူမက လန်းတယ် ။ သူမ က အသက်ကြီးတယ်။ သူမ လည်းပျော်ချင်မှာပဲ လို့တွေးတာပါ" လို့ ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror