Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Justin Bieber တစ်ယောက် ရည်းစားဟောင်းဖြစ်တဲ့ Selena Gomez ကို သတိရနေပုံပဲ

Justin Bieber တစ်ယောက် ရည်းစားဟောင်းဖြစ်တဲ့ Selena Gomez ကို သတိရနေပုံပဲ

| No comment



Justin Bieber က အင်္ဂါနေ့က Instagram မှာ Slena Gomez နဲ့ရိုက်ထားတဲ့ ပုံတွေပြန်တင်ပြီး ရည်းစားဟောင်းကို သတိရနေတဲ့ပုံပါပဲ။

အသက် ၂၁ နှစ် ကနေဒါနိုင်ငံသား အဆိုတော်ဟာ သူနဲ့ အသက် ၂၃နှစ်အရွယ် အမေရိကန် သရုပ်ဆောင် တို့ အတူတွဲရိုက်ကူးထားတဲ့ တော်တော်ကြာကြာကပုံဟောင်းကို ပြန်တင်ပြီး ပရိသတ်တွေကို အံ့အားသင့်အောင် လုပ်ပြန်ပါပြီ။

ပုံကတော့ ၂၀၁၄ သြဂုတ်လတုန်းက Ontario, Canada မှာ ရိုက်ကူးထားတဲ့ပုံဖြစ်ပါတယ်။ အဲ့အချိန်က နှစ်ယောက်သား ပြန်လည် အဆင်ပြေနေချိန်ဖြစ်ပါတယ်။

Bieber ရဲ့ ပိုစ့်က သူနဲ့ Gomez တို့ ပြန်တွဲနေပြီလားလို့ ထင်မှားစေပါတယ်။ သူတို့ နှစ်ဦးက တွဲလိုက်ကွဲလိုက်နဲ့ နှစ်အတော်ကြာတွဲခဲ့ပြီး ၂၀၁၄ မှာတော့ ဆက်ဆံရေး အဆုံးသတ်သွားခဲ့ကြတာဖြစ်ပါတယ်။ နှစ်ဦးစလုံးက တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြသေးတယ်လို့ ၀န်ခံခဲ့ဖူးပါတယ်။

မကြာသေးမီကလည်း သူတို့ ၂ယောက် ကို စားသောက်ဆိုင်တစ်ခုက အတူထွက်လာတာတွေ့ရတဲ့အတွက် ပြန်လည်တွဲခုတ်နေကြပြီလို့လည်း သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi