Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Khloe Kardashian နဲ့ လမ်းခွဲလိုက်တဲ့ James Harden

Khloe Kardashian နဲ့ လမ်းခွဲလိုက်တဲ့ James Harden

| No comment




Houston မြို့ ကိုယ်စားပြု Rockets ဘတ်စကတ်ဘောအသင်းရဲ့  နာမည်ကျော် ဘတ်စကတ် ဘော ကစားသမား James Harden ဟာ သူ့ရဲ့ ချစ်သူ Khloe Kardashian နဲ့ အချစ်ရေးကို အဆုံးသတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

"ဒါသူ့အတွက်တော့ များလွန်းနေပါပြီ။ မီဒီယာတွေရဲ့ ဖော်ပြမှု ၊ သူမ မိသားစု ရဲ့ အလေးပေးမှုနဲ့ သူမရဲ့  ခံစားချက်အပြောင်းအလဲတွေဟာ James ကို ဘေးရောက်သွားစေပါတယ်။ သူပြောခဲ့တာကတော့ သူတို့ ၂ယောက်ဆက်တွဲချင်တွဲလို့ရပါတယ်။ ဒါပေမယ့် အခြား အရေးကြီးတာတွေကို ရပ်လိုက်ဖို့ပါ" လို့ အတွင်းလူတစ်ယောက်က ပြောပြပါတယ်။

James Harden ဟာ ဒီလို လမ်းခွဲပြတ်ဆဲမှုကို ခရစ္စမတ် အားလပ်ရက်တွေအပြီးမှာ လုပ်ဆောင်ခဲ့တာပါ။ လက်ရှိ အခြေအနေတွေအရတော့ James Harden နဲ့ Khloe Kardashian တို့ဟာ တွေ့ဆုံခြင်းမရှိကြပါဘူး။ Khloe ရဲ့  KUWTK အစီအစဉ်မှာလည်း သူမဟာ သူမရဲ့ ခင်ပွန်း Lamar Odom က သူမရဲ့  စွဲလန်းရသူဖြစ်တယ်လို့ ဆိုခဲ့ပါသေးတယ်။

Khloe kardashian ဟာ Lamar Odom နဲ့ အိမ်ထောင်ရေးကို အဆုံးသတ်ခဲ့ပြီး James Harden နဲ့ ချစ်သူတွေအဖြစ်တွဲနေခဲ့ရာကနေ Lamar Odom ရဲ့  ဆေးလွန်ပြီး ကိုမာရောဂါဖြစ်ခဲ့မှုကြောင့် Khloe နဲ့ Lamar တို့ ပြန်အဆင်ပြေသွားခဲ့ပြီး အခုလို ဖြစ်လာရတာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse