Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Kim Kardashian နှင့် Kanye West တို့ကသူတို့သားငယ်အား SAINT West ဟုအမည်ပေး

Kim Kardashian နှင့် Kanye West တို့ကသူတို့သားငယ်အား SAINT West ဟုအမည်ပေး

| No comment





 အဆိုတော် Kanye West နှင့် ရုပ်သံတင်ဆက်သူ Kim Kardashian တို့က ပြီးခဲ့တဲ့ ဒီဇင်ဘာလ၅ရက်နေ့က မွေးဖွားခဲ့တဲ့ ကလေးငယ်ကို အခုလိုပဲ SAINT West လို့အမည်ပေးခဲ့တာပါ၊
တကယ်တမ်းမွေးဖွားမယ့်အချိန်ထက် သုံးပတ်စောပြီးမွေးဖွားခဲ့တာဖြစ်ပါတယ်၊

ဒီမတိုင်ခင်ကလည်း သူတို့မှာ အသက်နှစ်နှစ်အရွယ် North West လို့ခေါ်တဲ့သမီးဦးလေးရှိနေပါသေးတယ်၊ 

အခုလိုအမည်ပေးလိုက်တဲ့အကြောင်းကို Kim ကသူ့ရဲ့Twitter မှာ SAINT WEST လို့ရေးပြီး Kim, Kanye , North နဲ့ Saint တို့ရဲ့ Emoji လေးတွေနဲ့အတူတင်ထားခဲ့ပါတယ်၊

အောက်မှာတော့ "SAINT WEST 12.05.15 8POUNDS 1 OUNCE." လို့ရေးထားခဲ့တာပါ၊ သူတို့ရဲ့ကိုယ်စားလှယ်တစ်ဦးကတော့ Kim နဲ့ သူ့ယောက်ျား Kanye တို့ဟာသူတို့သားငယ်လေးကို ဒီမနက်မှာ မွေးဖွားခဲ့ပြီး အမေရောကလေးပါ ကျန်းမာပါတယ် လို့စနေနေ့ကဆိုခဲ့ပါတယ်၊










(Blue Lion)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror