Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သုံးရတာ အဆင်မပြေလို့ ဝေဖန်ခံနေရတဲ့ Kim Kardashian ရဲ့ Kimoji app

သုံးရတာ အဆင်မပြေလို့ ဝေဖန်ခံနေရတဲ့ Kim Kardashian ရဲ့ Kimoji app

| No comment


Kim Kardashian ဟာ သူမရဲ့ ကိုယ်ပိုင် emoji အက်ပလီကေးရှင်းဖြစ်တဲ့ Kimoji အမည်ရ အက်ပလီကေးရှင်းကို တနင်္လာနေ့ကမိတ်ဆက်ဖြန့်ချိခဲ့ပါတယ်။Kim Kardashian ရဲ့ ပရိသတ်တွေကတော့  Kim Kardashian  ထုတ်လုပ်တဲ့ Kimoji အက်ပလီကေးရှင်းဟာ သူတို့ရဲ့iPhone တွေမှာ သုံးရတာအဆင်မပြေဘူးဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သူမဟာ ဒီအက်ပလီကေးရှင်းမှာ  သူမရဲ့မျက်နှာပုံသဏ္ဍာန် ၊ သူမရဲ့ နာမည်ကျော် ရေကူးဝတ်စုံနဲ့ ကောက်ကြောင်းအလှပုံတွေနဲ့ ရင်သားပုံတွေကို ထည့်သွင်းပေးထားတယ်လို့သိရပါတယ်။

ဒီလို မိတ်ဆက်ပြီး မကြာခင်မှာပဲ သူမရဲ့ အမာခံပရိသတ်တွေကတော့ Apple Store ကနေ သူ့ထက်ငါ အပြိုင် ဒေါင်းလော့ဒ်ဆွဲခဲ့ကြပြီး ဖြန့်ချိပြီးတစ်စက္ကန့်အတွင်းမှာတင် ဒေါင်းလော့ဒ်ဆွဲယူမှု အကြိမ်ရေ ၉၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒေါင်းလော့ဒ်ဆွဲပြီးမှ App ရဲ့စနစ်ချွတ်ယွင်းခဲ့တာကြောင့် သုံးမရဖြစ်ခဲ့ရပါတယ်။

ဒီလိုဖြစ်ခဲ့တာကြောင့် သူမရဲ့ ပရိသတ်တွေကတော့ "  ကျွန်မဆို ပိုက်ဆံတွေအကုန်ခံပြီး စတိုးကနေ မရရအောင်ရှာပြီး ဒေါင်းခဲ့တာ။ဒါပေမယ့်လည်း သူမက ဒီ အက်ပလီကေးရှင်းကိုတောင် ကောင်းကောင်းမွန်မွန်ဖြစ်အောင် မစီမံပေးနိုင်ခဲ့ဘူး " လို့ စိတ်မကျေနပ်တဲ့ သူမရဲ့ပရိသတ်တစ်ဦးက ပြောပါတယ်။ " Kimoji ဟာ ကမ္ဘာပေါ်က အဆိုးဆုံး emoji အက်ပလီကေးရှင်းပါ " လို့လည်း ပရိသတ်တစ်ဦးကလည်း သူမရဲ့တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အလားတူ သူမရဲ့ ပရိသတ်အများစုကလည်း တွစ်တာစာမျက်နှာတွေ ပေါ်ကနေ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ Kim Kardashian ကတော့သူမရဲ့ တွစ်တာကနေ ပရိသတ်တွေကို ပြန်တောင်းပန်ခဲ့ပြီး ပြန်ပြင်ဆင်ပေးသွားမှာပါလို့ ပြောခဲ့ပါတယ်။ " Apple store ကိုတုန်လှုပ်သွားလောက်အောင်ကို ဒေါင်းလော့ဒ်ဆွဲခဲ့ကြတော့ အရမ်းအံ့သြမိတယ်။ ကျွန်မတို့ ပြန်ကြိုးစားနေပြီး နည်းပညာအဖွဲ့ကကြိုးစားပေးနေပါပြီ။ ကျွန်မရဲ့ Kimoji  ကတော့ ပြန်ကောင်းလာမှာဖြစ်ပြီး မကြာခင်မှာ သုံးနိုင်မှာပါ "  လို့ Kim K ကပြန်လည်တောင်းပန်ရေးသားထားတာကိုလည်း တွေ့ရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror