Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဖိနပ် အရံ ၁၀၀၀ ကို လှူဒါန်းမယ့် Kim Kardashian

ဖိနပ် အရံ ၁၀၀၀ ကို လှူဒါန်းမယ့် Kim Kardashian

| No comment



မေမေ အသစ်စက်စက်လေး Kim Kardashian က ကြာသာပတေးနေ့ Twitter မှာ ပရဟိတအလှူအတန်း လုပ်ဖို့ ရုတ်တရက် အကြံရသွားပြီး ဖိနပ်အရံပေါင်း ၁၀၀၀ ကို လှူဒါန်းတော့မယ့်အကြောင်း ရေးသားထားခဲ့ပါတယ်။

Kardashian အဆိုရ မွေးကင်းစသားငယ်လေး Saint West ကို နို့ချိုတိုက်ပြီးတဲ့နောက် အလှူအဖြစ်လှူဒါန်းနိုင်ဖို့ ဖိနပ်အရံ ၁၀၀၀ ရအောင်ရှာနေတဲ့ မိန်းကလေးငယ်လေးရဲ့ SolesForSouls ပရဟိတအစီစဉ်အကြောင်း တီဗီမှာ ကြည့်ဖြစ်ပြီး ဒီလိုလှူဒါန်းဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။

“Kanye နဲ့ ကျွန်မက SolesForSouls ပရဟိတအစီစဉ်လေးမှာ ဒီဖိနပ် အရံ ၁၀၀၀ ကို လှူချင်ပါတယ်။ ဒါကြောင့် ဘယ်သူပဲဖြစ်ဖြစ်ပါ…. ဒီက ဖိနပ်တွေ မင်းအတွက်ပါ! ကျွန်မတို့ SolesForSoul ကို ဆက်သွယ်လှူဒါန်းသွားမှာပါ။ မင်းရဲ့အစီစဉ် အောင်မြင်သွားလို့ ဂုဏ်ယူပါတယ်!! Xoxo” လို့ ရေးသားထားပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi