Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Kung Fu Panda 3 ရဲ့ ရုပ်ရှင်အညွန်းအသစ်ကို ပြသ

Kung Fu Panda 3 ရဲ့ ရုပ်ရှင်အညွန်းအသစ်ကို ပြသ

| No comment



Kung Fu Panda 3 ရဲ့ ရုပ်ရှင်အညွန်းအသစ်ကို ဗုဒ္ဓဟူးနေ့က ပြသခဲ့ပါတယ်။

ဒီဇာတ်ကားအညွှန်းမှာ Po(Jack Black)  က ပန်ဒါတွေရဲ့ လျှို့ဝှက်ထားတဲ့ အထွတ်အမြတ်ထားရာနေရာကို မသွားခင်မှာ သူ့ရဲ့  ဖခင်အရင်းဖြစ်သူ Li Shan (Bryan Cranston) ကို ရှာဖွေတွေ့ရှိသွားတာကို ပြသထားပါတယ်။ ဒီဇာတ်လိုက်ဟာ မကောင်းဆိုးရွား Kai (J.K. Simmons) ကို ခုခံတိုက်ခိုက်ဖို့အတွက် ကွန်ဖူးသိုင်းပညာတွေကိုသင်ယူရတာဖြစ်ပါတယ်။

Angelina Jolie က ကျားမလေးနေရာမှာ အသံပြန်လည်သရုပ်ဆောင်မှာဖြစ်ပြီး Master Shifu အဖြစ် Dustin Hoffman ၊ မျောက်ကလေး Jackie Chan ၊ ကြိုးကြာအဖြစ် David Cross နဲ့ Mr. Ping အဖြစ် James Hong တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အသစ်ပါဝင်လာသူကတော့ Po သဘောကျနေတဲ့ Mei Mei ဆိုတဲ့ ပန်ဒါမလေး Kate Hudson ပဲဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi