အွန်လိုင်းဈေးရောင်းဝယ်မှု ရဲ့ အဓိက နေ့ရက်တစ်ခုဖြစ်တဲ့ Cyber Monday နေ့မှာ Kylie Jenner ထုတ်လုပ်တဲ့ နှုတ်ခမ်းနီ တွေဟာ မိနစ်အနည်းငယ်အတွင်းမှာ တင် ရောင်းထွက်ခဲ့တယ်လို့ သိရပါတယ်။
Kylie Jenner ဟာ သူမရဲ့ ပရိတ်သတ်တွေကို သူမထုတ်လုပ်မယ့် နှုတ်ခမ်းနီအသစ်နဲ့ ပတ်သက်ပြီး Twitter မှာ ရက်သတ္တပတ်ပေါင်းများစွာ ကြိုတင်ပြီး အသိပေးထားခဲ့ပါတယ်။ ထို အသိပေးမှုတွေထဲမှာတော့ သူမထုတ်လုပ်မယ့် နှုတ်ခမ်းနီဟာ သုံးစွဲသူတွေရဲ့ မိတ်ကပ်ပြင်ဆင်မှု မှာ ဘယ်လောက်ထိ အကျိုးပြုပေးနိုင်မယ်ဆိုတာကိုပါ ထည့်သွင်းရေးပါးခဲ့ပါတယ်။
သူမ ထုတ်လုပ်ခဲ့တဲ့ နှုတ်ခမ်းနီအမျိုးအစားတွေကတော့ Matter နှုတ်ခမ်းနီအရည်နဲ့ Liner တို့ပဲဖြစ်ပါတယ်။ ထို နှုတ်ခမ်းနီတွေကို အရောင် ၃ မျိုးနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ရရှိနိုင်တဲ့အရောင်တွေကတော့ "Candy K" ၊ "Dolce K" နဲ့ "Truebrown K" တို့ပဲ ဖြစ်ပါတယ်။
People မဂ္ဂဇင်းရဲ့ သတင်းဖော်ပြချက်အရတော့ ၀ယ်ယူသူအချို့ဟာ အခက်အခဲနည်းနည်းရှိခဲ့ပါတယ်။ သူတို့ဟာ ရောင်းချတဲ့ ၀က်ဘ်ဆိုက်ထဲကို ၀င်ရောက်ပြီး ဈေးဝယ်လှည့်အတွင်းထည့်ခဲ့ပေမယ့် ထို နှုတ်ခမ်းနီတွေဟာ မရရှိနိုင်တော့ဘူးလို့ အကြောင်းပြန်စာကို ရရှိခဲ့ကြပါတယ်။ အမှန်တစ်ကယ်ကတော့ အရေအတွက် အားလုံး ရောင်းထွက်သွားခဲ့တာပဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒီ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း Kylie Jenner က Twitter မှာ "နှုတ်ခမ်းနီတွေဟာ တရားဝင် ရောင်းထွက်သွားပါပြီ။ဒါပေမယ့် ခရစ်စမတ် မတိုင်ခင်မှာတော့ အများကြီး ထပ်မံ ထုတ်လုပ်ဖို့ ရှိပါသေးတယ်" လို့ ရေးသားထားခဲ့ပါတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Starpulse