Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သူမ ပေါင်ပေါ် က အမာရွတ်ကို ချစ်တယ်လို့ ဆိုလာတဲ့ Kylie Jenner

သူမ ပေါင်ပေါ် က အမာရွတ်ကို ချစ်တယ်လို့ ဆိုလာတဲ့ Kylie Jenner

| No comment



KUWTK ဆိုတဲ့ ဖြစ်ရပ်မှန် ရှိုးအစီအစဉ်ရဲ့ ကြယ်ပွင့်လေး Kylie Jenner ဟာ သူမရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ရင် အမြဲဂုဏ်ယူနေလေ့ရှိသူပါ။ သူမဟာ ခန္ဓာကိုယ်ရဲ့ ကောင်းကွက်တွေကိုသာ မက ချို့ယွင်းချက်တွေကိုပါ ဂုဏ်ယူတတ်သူ တစ်ယောက်ဖြစ်ပါတယ်။

သူမဟာ အင်္ဂါနေ့ကလည်း Instagram မှာ ဓါတ်ပုံတစ်ပုံတင်ခဲ့ပြန်ပါတယ်။ အဲဒီဓါတ်ပုံ ထဲမှာတော့ သူမ ဟာ သူမရဲ့ ပေါင်မှာ ရှိနေတဲ့ အမာရွတ် ကို သိသာထင်ရှားစွာ ဖော်ပြထားတာကိုတွေ့ရပါတယ်။

"ကျွန်မရဲ့အမာရွတ်ကိုကျွန်မချစ်တယ်" လို့လည်း ထိုဓါတ်ပုံနဲ့အတူ သူမက ရေးသားခဲ့ပြီး သူမနဲ့ မော်ဒယ်လ် တစ်ယောက်နဲ့ အတူ ၀တ်စုံ ဆင်တူ နဲ့ ထိုင်နေတဲ့ ဓါတ်ပုံကို သူမက Instagram ပေါ်တင်ထားခဲ့တာလည်းဖြစ်ပါတယ်။

Celebuzz သတင်းဌာနနဲ့ ၂၀၁၁ ခုနှစ်က အမေးအဖြေ ကဏ္ဍ အရ Kylie ပြောပြခဲ့တာကတော့ အဲဒီအမာရွတ်ဟာ ငယ်ရွယ်စဉ်က Kendall Jenner နဲ့ တူတူပုန်းတမ်း ဆော့ရင်း ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ Kylie Jenner တစ်ယောက် သူ့ရဲ့ ဘ၀ဇာတ်လမ်းကို အသုံးချပြီး ခန္ဓာကိုယ်နဲ့ ပတ်သက်လို့ အမာရွတ်တွေရော ၊ အားလုံးကို ချစ်မြတ်နိုးတတ်ဖို့ အရေးကြီးတဲ့ မက်ဆေ့ဂ်ျ တစ်ခုပေးခဲ့တာပဲဖြစ်ပါတယ်။ သဘောကျဖို့လည်းကောင်းပါတယ်။ အသက် ၁၈ နှစ်သာရှိသေးတဲ့ Kylie Jenner ကို အားကျ သူ ပရိတ်သတ် သန်းနဲ့ချီ ရှိနေပြီး သူမဟာလည်း အကြမ်းဖက်မှုတွေရဲ့ ပစ်မှတ်တစ်ခု ဖြစ်နေပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Toofab