Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှု နဲ့ Kylie Jenner တစ်ယောက် စုံစမ်းစစ်ဆေးခံရဖွယ်ရှိ

တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှု နဲ့ Kylie Jenner တစ်ယောက် စုံစမ်းစစ်ဆေးခံရဖွယ်ရှိ

| No comment



လက်တွေ့ ဘ၀တီဗီအစီအစဉ်တင်ဆက်သူနဲ့ မော်ဒယ် Kylie Jenner ဟာ သူမရဲ့အချစ်တော် ခွေးလေးတွေနဲ့  ဗီဒီယိုကို တင်ပြီးနောက်မှာ ပရိတ်သတ်တွေရဲ့ အပြင်းအထန်ဝေဖန်မှုကို ရင်ဆိုင်နေရပါတယ်။

LA ကောင်တီ တိရိစ္ဆာန်ထိန်းချုပ်ရေးအဖွဲ့ ကလည်း သူတို့ အနေနဲ့  Kylie အနေနဲ့ သူမရဲ့ခွေးလေးတွေအပေါ် ပြုမူဆက်ဆံမှုနဲ့ ပတ်သက်ပြီး ဝေဖန်တိုင်ကြားစာတွေရထားတယ်လို့ TMZ သတင်းဌာနကို အတည်ပြု ပြောကြားခဲ့ပါတယ်။

Kylie Jenner ဟာ သူမရဲ့ခွေးလေးနှစ်ကောင်နဲ့ အတူ Snapchat မှာ ဗီဒီယိုတင်ခဲ့ရာမှာ ခွေးလေးတစ်ကောင်ရဲ့ ကျောရိုး၊နံရိုးတွေကို အထင်းသားမြင်ခဲ့ရတာကြောင့် ပရိတ်သတ်တွေရဲ့ ဝေဖန်မှုကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

သခင် Kylie ကိုမြင်လိုက်ရတဲ့ခွေးလေး Bambi ဟာ Kylie ဆီ ခုန်တက်ကာ နှုတ်ဆက်ဖို့ လုပ်တဲ့မြင်ကွင်းမှာ ခွေးလေးရဲ့ပိန်လှီတဲ့အနေအထားက အာဟာရချို့ တဲ့နေတဲ့အနေအထား ဖြစ်နေတာ ဖြစ်ပါတယ်။

Kylie ရဲ့ ဗီဒီယိုမှာ user တစ်ယောက်က “ မင်းခွေးတွေကိုလည်း ကျေးဇူးပြုပြီး အစာကျွေးပါဦး ဒါမှမဟုတ်လည်း သူတို့ ကို ကျွေးပြီး ဂရုစိုက်မယ့် အိမ်ကိုပို့ လိုက်ပါ။ ခွေးတွေက အစာငတ်ပြတ်နေပြီ” လို့  ဝေဖန်ရေးသားခဲ့ပါတယ်။

Kylie ဟာ သူမရဲ့ခွေးလေးတွေကို အလွန်ဂရုစိုက်ပြတာကို မကြာခဏတွေ့ နေရတော့  ဒီတစ်ခါတော့ Kylie တစ်ယောက် ဒီမှတ်ချက်တွေနဲ့ ပတ်သတ်ပြီး တော်တော်စိတ်အနှောင့်အယှက်ဖြစ်နေမယ်ဆိုတာ သေချာပါတယ်။

ဒါပေမယ့် ခွေးလေး Bambi နဲ့ Norman တို့ ဟာ ကျန်းမာရေးကောင်းတဲ့အနေအထားမှာရှိပြီး၊ ခွေးပြိုင်ပွဲတွေမှာဆို ခွေးတွေဟာ Bambi နဲ့ Norman တို့ ထက်တောင် ပိန်နေသေးတယ်လို့  အမေရိက အီတာလျံခွေးပိုင်ရှင်များကလပ် ( IGCA) က ပြောကြားပါတယ်။

ကလပ်ရဲ့ကျွမ်းကျင်သူတွေက Kylie တင်ခဲ့တဲ့ဗီဒီယိုထဲက ခွေးလေး Bambi ဟာ ဒီလိုပိန်လှီတဲ့ခွေးသမင်မျိုး တွေအတွက်တော့ လုံးဝပုံမှန်အနေအထားပါပဲလို့ ခုခံပြောကြားခဲ့ပါတယ်။

ဒီခွေးလေးတွေဟာ အပြေးကောင်းတဲ့ခွေးမျိုးတွေဖြစ်တာကြောင့် ပိန်လှီတာဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်းမာတဲ့ အီတာလျံခွေးသမင်ခွေးတစ်ကောင်ဟာ အနည်းဆုံးတော့ နံရိုးသုံးချောင်းနဲ့ တင်ရိုး တော့ ပေါ်နေတတ်တယ်လို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail