Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သူမ အသက်မကြီးသေးဘူးလို့ ပြောလိုက်တဲ့ Lady Gaga

သူမ အသက်မကြီးသေးဘူးလို့ ပြောလိုက်တဲ့ Lady Gaga

| No comment



အဆိုတော်မလေး Lady Gaga က သူမရဲ့ အသက် ၃၀ နှစ်ပြည့်မွေးနေ့ပွဲ နီးကပ်လာတဲ့အချိန်မှာ တရားဝင် ထုတ်ဖော် ပြောပြလိုက်တာက သူမ အသက် မကြီးသေးဘူးဆိုတာပါ။

Billboard မဂ္ဂဇင်းရဲ့ Woman of the Year အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ Lady Gaga ဟာ Billboard မဂ္ဂဇင်းကို "ကျွန်မခံစားလာခဲ့ရတာတွေက လိင်ပိုင်းဆိုင်ရာ အရာပါဝင်ပတ်သက်နေကာ အားကောင်းပြီး ဥာဏ်ရှိတဲ့ ကျွန်မ လုပ်ခဲ့သမျှ အရာအားလုံးထက်ပိုပါတယ်" လို့လည်း ထုတ်ဖော်ပြောပြခဲ့ပါတယ်။

အသက် ၂၉ နှစ်ရှိနေပြီဖြစ်တဲ့ Lady Gaga ဟာ Billboard မဂ္ဂဇင်းရဲ့ ကာဗာမှာ ရွှေအိုရောင် ၀တ်စုံ ၊ ရွှေအိုရောင် ဆံပင်ရှည် တို့ကို ၀တ်ဆင်ထားတာဖြစ်ပြီး သူမက Billboard မဂ္ဂဇင်းကို အခုလိုလည်း ပြောပြခဲ့ပြန်ပါတယ်။

"ကျွန်မရဲ့ မွေးနေ့ က မတ်လ ထဲမှာပါ။ ဒါကြောင့် ဒီအချိန်တွေဟာ အသက် ၂၀ ကျော် ကာလ ရဲ့ နောက်ဆုံး အချိန်တွေဖြစ်နေပါတယ်။ ကျွန်မအခုတော့ အသက် ၃၀ အရွယ် အမျိုးသမီး ဆိုတဲ့ အဓိပ္ပာယ်ကို ယောကျာင်္းလေးတွေရော ၊ မိန်းမ လေးတွေပါသိအောင် ပြသဖို့ အတွက် ရင်ခုန်နေပါတယ်" ။

The Born That Way သီချင်းရဲ့ အဆိုတော် Lady Gaga ဟာ  သူမအနေနဲ့ စိတ်ပျက်စရာကောင်းတဲ့ မိန်းမတစ်ယောက်ဖြစ်ရတာကို သဘောကျပြီး အမျိုးသမီးတွေကိုလည်း ကိုယ့်တန်ဖိုး ကိုယ်ရှာကြဖို့ တိုက်တွန်းပြောဆိုထားပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror