Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်လာတဲ့ Lamar Odom

ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်လာတဲ့ Lamar Odom

| No comment



ဘတ်စကတ်ဘော အကျော်အမော် Lamar Odom ဟာ ဒီတစ်ပတ်တော့ ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်လာပြီဖြစ်တယ်လို့ သိရပါတယ်။ Lamar Odom ဟာ အကူအညီ မလိုပဲ ပထမဆုံး အကြိမ် လမ်းလျှောက် နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Lamar နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ် တွေပြောပြခဲ့တာကတော့ သူဟာ အရင်တုန်းက အကူ တစ်ယောက်မပါပဲ မလှုပ်ရှားနိုင်ခဲ့ပါဘူး။ ကြာသပတေး နေ့ကတော့ Lamar ဟာ အကူအညီတွေကို ဖယ်ခိုင်းပြီး ခြေလှမ်း ၃ လှမ်း လမ်းလျှောက်ခဲ့တယ်လို့ သိရပါတယ်။

Lamar ဟာ အရင်တုန်းကတော့ လှုပ်ရှားမှုတွေကို အကန့်အသတ်နဲ့သာ လုပ်ဆောင်နိုင်ခဲ့ပေမယ့် Khloe Kardashian လာရောက် လည်ပတ်ပြီးတဲ့နောက်မှာတော့ သူ့ ရဲ့ ခေါင်းကို ခေါင်းစွပ် တစ်ခု စွပ်နိုင်ခဲ့ပါတယ်။

ဒါတင်မကသေးပဲ သူ့ရဲ့  ဦးနှောက် လုပ်ဆောင်ချက်ဟာလည်းဖြည်းဖြည်းချင်း တိုးတက်လာပါတယ်။ သူဟာ ဆေးရုံ ၀န်ထမ်းတွေကို လည်း တစ်ခါမြင်ဖူးရုံ နဲ့ မှတ်မိနေပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကလောက်အထိ Lamar ဟာ သူ့ရဲ့ မိသားစုဝင်တွေကိုပင် မမှတ်မိနိုင်ခဲ့ပါဘူး။ မကြာခင်မှာတော့ Lamar ဟာ ပြန်လည် ထူထောင်ရေး ဌာန ကို ပြောင်းရွှေ့  ပြီး ဆေးကုသ မှု ခံယူရတော့ မယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : TMZ