မင်းသမီးချော Jennifer Lawrence ဟာ Hunger Games ဇာတ်ကားတွေမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော Liam Hemsworth နဲ့ ရိုက်ကွင်းပြင်ပမှာ အနမ်းတွေခြွေခဲ့ကြဖူးသလို ဆေးခြောက်ကိုလည်း အတူတူသောက်ခဲ့ကြဖူးတယ်လို့ Watch What Happens: Live အစီအစဉ်မှာ ဖွင့်ဟ ဝန်ခံခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် သရုပ်ဆောင်ဟာ Hunger Games ဇာတ်ကားအတွင်းမှာ Katniss Everdeen အဖြစ် သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့တာကြောင့် အော်စကာဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
Watch What Happens: Live အစီအစဉ်မှာတော့ တင်ဆက်သူ Andy Cohen က Jennifer ကို မေးခွန်းတွေမေးခဲ့ပါတယ်။ Andy ရဲ့ ပထမဆုံးမေးခွန်းကတော့ Jennifer ဟာ Hunger Games ဇာတ်ကားထဲမှာ သူ့ရဲ့ သူငယ်ချင်း Gale Green အဖြစ် သရုပ်ဆောင်ပေးခဲ့တဲ့ မင်းသားချော Liam Hemsworth နဲ့ ရိုက်ကွင်းပြင်ပမှာရော အကြင်နာပေးခဲ့ဖူးလားဆိုတဲ့ မေးခွန်းပါ။
သူမကတော့ ဒီမေးခွန်းကို " ကျွန်မနဲ့ Liam တို့က အတူတူကြီးပြင်းခဲ့ကြတာ။ သူက အရမ်းမိုက်တဲ့သူပါ။ သူ့ကို ဒါတွေမလုပ်ပဲ ရှင်ရောနေနိုင်ပါ့မလား " ဆိုပြီး ရယ်ရယ်မောမောနဲ့ ဖြေကြားခဲ့ပါတယ်။ သူမဟာ Liam နဲ့အတူ အော်စကာလိုဆုပေးပွဲတွေ မတိုင်ခင်မှာ ဆေးခြောက်အတူတူ သောက်ခဲ့ဖူးတယ်ဆိုတာကိုလည်း ဝန်ခံခဲ့ပြီး သူတို့အတွက်တော့ ရှက်စရာမဟုတ်တော့ဘူးလို့လည်း ပြောပါတယ်။
သူမကိုတော့ ကနေဒီယန် အဆိုကျော် Justin Bieber " သူမဟာ အရမ်းကို ဆွဲဆောင်မှုရှိပြီး ချစ်ဖို့ကောင်းတဲ့သူ။ Date လုပ်ချင်အောင် ချစ်စရာကောင်းလှတယ် " လို့ ရေဒီယို အစီအစဉ်တစ်ခုမှာ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး သူမကတော့ " ကျွန်မ no လို့ပဲ ခက်ခက်ခဲခဲငြင်းရပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုပြောလို့ ကျေးဇူးတင်ပါတယ် " လို့ ပြန်လည် တုံ့ပြန်ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Mirror