Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , မိခင်ဖြစ်သူ အမှုရင်ဆိုင်နေရခြင်း အပေါ် တည်ငြိမ်စွာတုံ့ပြန်နေတဲ့ Madonna ရဲ့ သမီး Lourdes Leon

မိခင်ဖြစ်သူ အမှုရင်ဆိုင်နေရခြင်း အပေါ် တည်ငြိမ်စွာတုံ့ပြန်နေတဲ့ Madonna ရဲ့ သမီး Lourdes Leon

| No comment



Madonna နဲ့ ခင်ပွန်းဟောင်းဖြစ်သူ Guy Ritchie တို့ဟာ သားငယ်လေး Rocco ကို ထိန်းသိမ်းစောင့်ရှောက်ခွင့်အတွက် အမှုရင်ဆိုင်နေရပေမယ့် ၁၉ နှစ်အရွယ် သမီးဖြစ်သူလေးကတော့ အေးဆေးတည်ငြိမ်နေတာကို တွေ့ရပါတယ်။ Lourdes Leon က Instagram မှာ အပြုံးမျက်နှာနဲ့ ဓါတ်ပုံလေးတင်ထားခဲ့ပြီး မိသားစုအရေးကိုလည်း တည်ငြိမ်ရင့်ကျက်တဲ့ ပုံစံနဲ့ ကိုင်တွယ်ဖြေရှင်းနေပုံပါပဲ။

Lourdes ခရစ္စမတ်ပိတ်ရက်တွေမှာ သူရဲ့ပျော်ရွင်မြူးထူးနေတဲ့ ပုံရိပ်တွေကို Instagram မှာ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။ Madonna ရဲ့အကြီးဆုံးသမီးဖြစ်ပြီး  သူ့ဖုန်းကိုကိုင်ပြီး ရေချိုးကန်ဘောင်မှာထိုင်ကာ အပြုံးမျက်နှာနဲ့ ရိုက်ကူးထားတဲ့ပုံ ဖြစ်ပါတယ်။

Daily Mail အဆိုအရ Madonna ဟာ Lourdes Leon နဲ့တကွ သူ့ရဲ့သားသမီး ၃ယောက်တို့နဲ့အတူ ရိုက်ကူးထားတဲ့ပုံကို ဖော်ပြကာ ဒီခရစ္စမတ်ဟာ သူ့အတွက်  မိသားစုကအရေးကြီးကြောင်း ပြောပြသွားတယ်လို့ ဆိုပါတယ်။

Madonna ရဲ့ သမီးဖြစ်သူ Lourdes Maria Ciccone Leon ပရိတ်သတ်တွေအကြား မကြာခဏ ပေါ်လာလေ့မရှိဘဲ သူ့အကြောင်း ကြားရပြီဆိုရင်လည်း ကောင်းတဲ့သတင်းတွေသာ ဖြစ်တတ်ပါသတဲ့။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse