Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သိသာထင်ရှားစွာ ပိန်သွားတဲ့ Mariah Carey

သိသာထင်ရှားစွာ ပိန်သွားတဲ့ Mariah Carey

| No comment





Mariah Carey ရဲ့  ကိုယ်အလေးချိန်လျော့ကျသွားမှုဟာ အံ့အားသင့်ဖွယ်ရာပါပဲ။ တစ်ချို့  ထင်နေကြတာကတော့ သူမ ရဲ့  ကိုယ်အလေးချိန်လျော့ကျသွားမှုဟာ သဘာဝအတိုင်းမဟုတ်ပဲ ခွဲစိတ်ကုသမှု ပြုလုပ်ထားတာဖြစ်နိုင်တယ်လို့ ထင်နေကြပါတယ်။

နောက်ဆုံးထွက်ပေါ်ထားတဲ့ ကောလာဟလ တစ်ခုကတော့ သူမဟာ အရေပြားအောက်က အဆီတွေ စုပ်ထုတ်တဲ့နည်းလမ်းနဲ့ ၄၅ ပေါင်တိတိ ကျဆင်းသွားပါတယ်တဲ့။ Mariah Carey ရဲ့  Twitter စာမျက်နှာပေါ် ရေးသားခဲ့တဲ့ ခရစ်စမတ် စာစုဟာ သူမရဲ့  Follower ၁၆ သန်းကျော်ဆီရောက်ရှိသွားပါတယ်။ အဲဒီ ခရစ်စမတ် စာစုနဲ့ အတူသူမရဲ့  သိသိသာသာ ထင်ရှားစွာ ၀ိတ်ကျသွားတဲ့ ဓါတ်ပုံကိုလည်း တွဲဖက် တင်ထားခဲ့တာဖြစ်ပါတယ်။

National Enquirer သတင်းဌာနဲ့ Post တစ်ခုမှာတော့ Infinity သီချင်း ရဲ့  အဆိုတော် မလေး Mariah Carey ဟာ အဆီတွေ စုပ်ထုတ်တဲ့ Lipoplasty နည်းလမ်းနဲ့ ၀ိတ်ချထားတာ ပဲ ဖြစ်နိုင်တယ်လို့ ရေးသားထားပါတယ်။

သေချာတာတစ်ခုကတော့ အသက် ၄၅ နှစ်ရှိနေပြီဖြစ်တဲ့ Mariah Carey ဟာ ၀ိတ်ကျသွားတဲ့နောက်မှာ အသက် ၂၀ အရွယ် ကောင်မလေးတစ်ယောက်လို နုပျိုသွားတာ ပါပဲ။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse