ဟောလီးဝုဒ် သရုပ်ဆောင် Megan Fox ဟာ သူမအလုပ်သွားတဲ့အခါ သူမရဲ့ သားလေးတွေကို ထားခဲ့ရတဲ့အတွက် မိခင်တာဝန်မကျေဘူးလို့ ခံစားနေရပါတယ်။
အသက် ၂၉ နှစ်အရွယ် မင်းသမီးဟာ သူ့ရဲ့ ခင်ပွန်းဟောင်း Brian Austin Green နဲ့အတူ အသက် ၃ နှစ်အရွယ် Noah နဲ့ အသက် ၂ နှစ်အရွယ် Bodhi စတဲ့ သား ၂ ယောက်ကိုမွေးဖွားခဲ့ပါတယ်။ သူမဟာ မိခင်တစ်ယောက်ဖြစ်ရတာကို သဘောကျပြီး သူမအလုပ်သွားတဲ့အခါမှာ သား၂ ယောက်ကို ချန်ထားခဲ့ရတာ ခက်ခဲတယ်လို့ Indian Express သတင်းဌာနကို ထုတ်ဖော်ပြောပြလာခဲ့ပါတယ်။
"ဒါဟာ ခက်ခဲ့ပါတယ်။ သင်ဟာ မိခင်တာဝန်မကျေဘူးလို့ ခံစားမိမှာပါ။ ကလေးတွေကို တစ်ချိန်လုံးထားခဲ့ရတာဟာ။ ငါ့မှာကလေးတွေရှိတယ်။ အဲဒီစိတ်ကပဲ အကြောင်းပြချက်တစ်ခုဖြစ်လာစေခဲ့တယ်။ သူတို့လေးတွေဟာ ငါ့ကို သံယောဇဉ်ရှိကြပြီးဒါဟာည်း ငါ့ဘ၀ ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လာခဲ့တယ်။ ဒါပေမယ့် ငါ့မှာ အလုပ်ရှိတယ်။ ငါ့မှာ အလုပ်ရှိမှဖြစ်မယ်" လို့ Megan Fox က ဆိုပါတယ်။
Megan Fox ဟာ "New Girl" ဆိုတဲ့ ဇာတ်လမ်းတွဲရဲ့ Season 5 မှာပါဝင်သရုပ်ဆောင်မှာဖြစ်တယ်လို့ E! သတင်းဌာနက ဖော်ပြထားပါသေးတယ်။ Transformers ဇာတ်လမ်းရဲ့ ကြယ်ပွင့်တစ်ယောက်လည်းဖြစ်တဲ့ Megan Fox ဟာ New Girl ဇာတ်လမ်းထဲမှာ Reagen ဆိုတဲ့ မိန်းကလေးတစ်ယောက်အဖြစ်သရုပ်ဆောင်မှာဖြစ်ပါတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Starpulse