Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ကိုယ်အလေးချိန် ပေါင် ၅၀ လျော့ကျသွားတဲ့ ဟသသရုပ်ဆောင် Melissa McCarthy

ကိုယ်အလေးချိန် ပေါင် ၅၀ လျော့ကျသွားတဲ့ ဟသသရုပ်ဆောင် Melissa McCarthy

| No comment



ဟာသ သရုပ်ဆောင် မင်းသမီး Melissa McCarthy ဟာ အားလပ်ရက်မှာ ပျော်စရာတွေကြုံတွေ့ခဲ့ပါတယ်။
"Bridesmaids" ဇာတ်လမ်းရဲ့ ကြယ်ပွင့် Melissa McCarthy ဟာ သူမရဲ့ Melissa McCarthy Seven 7 Holiday 2015 အစီအစဉ်အတွက် ဓါတ်ပုံများစွာနဲ့ ပေါ်ထွက်လာပြန်ပါတယ်။ အဲဒီဓါတ်ပုံတွေထဲမှာတော့ သူမဟာ အရင်ထက် ပေါင် ၅၀ ကိုယ်အလေးချိန် လျော့ကျသွားခဲ့ပြီး အရင်ထက် လှပလာတာကိုလည်း တွေ့ရမှာပါ။

သူမ ရဲ့ ဓါတ်ပုံတွေကို ရိုက်ကူးပေးခဲ့တာက မကြာသေးခင်ကပဲ John Stamos ရဲ့ ဓါတ်ပုံတွေကို ရိုက်ကူးပေးခဲ့သူ ဓါတ်ပုံဆရာ Brian Bowen Smith ပဲဖြစ်ပါတယ်။ အသက် ၄၅ နှစ်ရှိနေပြီဖြစ်တဲ့ Melissa McCarthy က ဒီနောက်ဆုံး ဓါတ်ပုံတွေထဲမှာ ချီးမွမ်းစကားဆိုရလောက် လှပလာပါတယ်။

Melissa McCarthy ဟာ မကြာသေးခင်ကပဲ သူမကဲ့သို့သော အ၀လွန်နေသူ အမျိုးသမီးတွေ ၀တ်ဆင်လို့ အဆင်ပြေစေမယ့် အရွယ်အစား ကြီးမားတဲ့ ဖက်ရှင် ရွေးချယ်မှုတွေနဲ့ အ၀တ်အစား ကုမ္မဏီ တစ်ခုလည်းထူထောင်းထားပါသေးတယ်။ သူမရဲ့ ကုမ္မဏီကနေတော့ Macy's ၊ Nordstrom နဲ့ Bloomingdale's တို့လို အမှတ်တံဆိပ်တွေကိုလည်း ရောင်းချပြီး ထူးခြားတာတစ်ခုက သူမ ရောင်းချတဲ့ အ၀တ်အစားတွေဟာ ဆိုက်ဇ် ၄ ကနေ ၂၈ အထိရှိပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Too Fab