Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Michael Jackson ပိုင်ဆိုင်ခဲ့တဲ့ Neverland စံအိမ်တော်ကို ဒေါ်လာ သန်း ၁၀၀ ဖြင့်ရောင်းမည်

Michael Jackson ပိုင်ဆိုင်ခဲ့တဲ့ Neverland စံအိမ်တော်ကို ဒေါ်လာ သန်း ၁၀၀ ဖြင့်ရောင်းမည်

| No comment



ကမ္ဘာကျော် ဂန္တ၀င် အဆိုတော် တစ်ယောက်ဖြစ်သလို ပေါ့ပ် ဂီတ ရဲ့ ဖခင်တစ်ယောက်လည်းဖြစ်တဲ့ Michael Jackson ရဲ့ နာမည်ကျော် Neverland နေအိမ် ကို ဒေါ်လာ သန်း ၁၀၀ နဲ့ ရောင်းချတော့မယ်လို့ သိရပါတယ်။

ဂီတလောက ရဲ့  စူပါစတား ပိုင်ဆိုင်တဲ့ ထို နေအိမ်ခြံဝန်းကြီးဟာ သူသေဆုံးပြီး ၆ နှစ်ကျော် အကြာမှာမှ ဈေးကွက်ထဲရောက်လာခဲ့တာဖြစ်ပြီး ပရိတ်သတ်တွေအနေနဲ့ကတော့ ထိုနေအိမ်အတွင်းမှာရှိတဲ့ အိမ်တွင်း ရုပ်ရှင်ရုံက စပြီး ခြံထဲက ပန်းပွင့်နာရီတွေကို မြင်တွေ့နိုင်ပြီဖြစ်ပါတယ်။

ထို ခြံဝန်းနဲ့နေအိမ်ဟာ ကယ်လီဖိုးနီးယားပြည်နယ် ၊ လော့စ်အိုလီဗို မြို့ မှာတည်ရှိပြီး ဧက ၂၇၀၀ ကျယ်ဝန်းတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ Sycamore Valley စံအိမ်လို့ တရားဝင် အမည်ပေးထားပေမယ့် အရင်တုန်းကတော့ Neverland စံအိမ်လို့ အမည်တွင်ခဲ့ကာ ပေါ့ပ်ဂီတ ရဲ့ ဘုရင်ဖြစ်သူ Michael Jackson ရဲ့ နေအိမ် ဖြစ်ခဲ့ပါတယ်။

ထို စံအိမ်တော်ကြီးကို ၁၉၈၇ ခုနှစ်မှာ Michael Jackson က ဒေါ်လာ ၁၉.၅ သန်းနဲ့ဝယ်ယူခဲ့ပြီး ထိုစံအိမ်ကို အပန်းဖြေစခန်းတစ်ခုအသွင် ဖြေးဖြေးချင်းပြောင်းလဲလာခဲ့ပါတယ်။ ထိုအိမ်မှာ အိပ်ခန်းစုစုပေါင်း ၆ ခန်းပါဝင်ပါတယ်။ ဒါပေမယ့် Colony Capital ကုမ္မဏီဟာ ထိုအိမ်ကို Michael Jackson မကွယ်လွန်ခင်မှာ ဒေါ်လာ ၂၂.၅ သန်းနဲ့ ပြန်လည်ဝယ်ယူခဲ့ပြန်ပါတယ်။

ထို စံအိမ်တည်ရှိရာ တောင်ကုန်းကိုလည်း Michael Jackson ရဲ့ မိခင်နာမည်အတိုင်း Mount Catherine လို့အမည်ပေးထားခဲ့တာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror