Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , စိတ်လှည့်စားမှု ဖြစ်စေတဲ့ တားမြစ်ဆေး တွေ မသုံးခဲ့ဖူးဘူးဆိုတဲ့ Miley Cyrus

စိတ်လှည့်စားမှု ဖြစ်စေတဲ့ တားမြစ်ဆေး တွေ မသုံးခဲ့ဖူးဘူးဆိုတဲ့ Miley Cyrus

| No comment



ကမ္ဘာကို ရွံ့ ရှာဖွယ် အဖော်အချွတ် ဓါတ်ပုံတွေပဲ ဆက်တိုက်ချပြနေတဲ့ Miley Cyrus က သူမအနေနဲ့ စိတ်လှည့်စားမှု ဖြစ်စေတဲ့ တားမြစ်ဆေး တွေ  ပြုလုပ်ဖို့ တစ်ခါမှ မကြိုးစားခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သူမ ၀န်ခံခဲ့တာက သူမအနေနဲ့ ထို မူးယစ်ဆေး တွေကိုလည်း မဆန့်ကျင်ပါဘူးတဲ့။

Miley Cyrus ဟာ သူမရဲ့  ပုံရိပ်တွေကို နောက်ထပ် ပိုမို ရူးသွပ်တဲ့ အဆင့်တစ်ဆင့် ကို တက်လှမ်းဖို့အတွက် မကြောက်ရွံ့ ခဲ့ပါဘူး။ တစ်ခါတုန်းကလည်း သူမဟာ Paper မဂ္ဂဇင်းအတွက် ပီဇာ ကြိုက်တဲ့ ပန်းရောင် မင်းသမီး ပုံစံ မျိုးနဲ့ ဓါတ်ပုံ အရိုက်ခံခဲ့ပါသေးတယ်။

၂၀၁၃ ခုနှစ် MTV EMA ဆုပေးပွဲမှာတုန်းက စင်ပေါ်မှာ မူးယစ်ဆေးပါဝင်နေတယ်လို့ သံသယ ရှိရတဲ့ စီးကရက်ကို သောက်ပြပြီးတဲ့နောက် အားလုံးက သူမ နဲ့ မူးယစ်ဆေးဝါး နဲ့ ဘယ်လောက် ထိ ပါဝင်ပတ်သက်နေတယ်ဆိုတာကို စိတ်ဝင်စားလာကြပါတယ်။ သူမက ဒါကြောင့် မူးယစ်ဆေးတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပြလာပါတယ်။

"ကျွန်မ တစ်ခါမှ စိတ်လှည့်စားမှု ဖြစ်စေတဲ့ တားမြစ်ဆေး တွေ မသုံးခဲ့ဖူးပါဘူး။ ဒါပေမယ့် အဲဒါတွေကိုလည်း ကျွန်မ မဆန့်ကျင်ပါဘူး" လို့ ဆိုပါတယ်။

သူမ ဟာ ဇွန်လတုန်းကလည်း Paper မဂ္ဂဇင်း ကာဗာ အတွက် သူမ မွေးထားတဲ့ ၀က်ကို ဖက်ပြီး ၀တ်လစ်စလစ် နဲ့ ဓါတ်ပုံ ရိုက်ခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror