Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ကြေကွဲစရာ ခရစ္စမတ်သီချင်းကို ဖြန့်ချိခဲ့တဲ့ Miley Cyrus

ကြေကွဲစရာ ခရစ္စမတ်သီချင်းကို ဖြန့်ချိခဲ့တဲ့ Miley Cyrus

| No comment



နာမည်ကျော် အဆိုတော် Miley Cyrus ဟာ သူ့ရဲ့ ကြေကွဲစရာ သီချင်းတစ်ပုဒ်ကို ခရစ္စမတ် ညနေခင်းမှာ ဖြန့်ချိလိုက်တယ်လို့ သိရပါတယ်။ Miley ဟာ ဒီသီချင်းထဲမှာတော့ သူမရဲ့ ကြေကွဲပြီး အထီးကျန်ဆန်တဲ့ အသံမျိုးနဲ့ သီဆိုထားပြီး ကွဲပျက်သွားတဲ့ relationship တစ်ခုအကြောင်းကို သီဆိုထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ သူမရဲ့ စိတ်ခံစားချက်တွေကို ထင်ဟပ်ထားပြီး ချစ်သူဟောင်း မင်းသားချော Liams Hemsworth ကို ရည်ရွယ်ပြီး သီဆိုထားတယ်လို့လည်း ခန့်မှန်းမှုတွေ ပြုလုပ်လျက်ရှိနေကြပါတယ်။ ဒီသီချင်းဟာ သူမရဲ့ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းက ဒိတ်လုပ်ခဲ့တဲ့ သူတစ်ယောက်အကြောင်းကို သီဆိုထားတယ်လို့လည်း ထင်မြင်ချက်တွေ ပေးနေကြပါတယ်။

 အများစုအထင်ကတော့ ဒီသီချင်းဟာ သူမရဲ့ ရည်းစားဟောင်း မင်းသားချော  Liams Hemsworth ကိုသာ ရည်ညွှန်းသီဆိုထားတာဖြစ်တယ်လို့ ပြောနေကြပါတယ်။ သူမရဲ့ သီချင်းသစ်ကိုတော့ သူမရဲ့ တွစ်တာ စာမျက်နှာပေါ်မှာ " ကျွန်မရဲ့ သီချင်းသစ်ထွက်လာပါပြီ။ ကျွန်မရဲ့ ကြေကွဲစရာ ခရစ္စမတ်သီချင်းပေါ့ " လို့ ရေးသားထားခဲ့ပါတယ်။

သူမရဲ့ သီချင်းကိုတော့ သူမရဲ့ ခေါင်းထဲကနေ ဖျောက်ဖျက်မရနိုင်တဲ့ အခိုက်အတန့်တွေကို ကားပေါ်မှာနဲ့ အိမ်ပြန်ရောက်တဲ့ အချိန်တွေမှာ ရေးသားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: DailyMail