Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Motorhead အဖွဲ့ရဲ့  ရှေ့ ထွက်သမား Lemmy ကင်ဆာရောဂါနဲ့ ကွယ်လွန်

Motorhead အဖွဲ့ရဲ့  ရှေ့ ထွက်သမား Lemmy ကင်ဆာရောဂါနဲ့ ကွယ်လွန်

| No comment



ကမ္ဘာကျော် ဗြိတိန် ရော့ခ် အဖွဲ့ Motorhead ရဲ့  ရှေ့ ထွက်အဆိုတော် Ian 'Lemmy' Kilmister ဟာ ပြင်းထန်စွာ ရန်လိုတတ်သော ကင်ဆာရောဂါ နဲ့ အချိန်ခဏတာ ရင်ဆိုင်ပြီး သေဆုံးသွားခဲ့ရတယ်လို့ တီးဝိုင်းအဖွဲ့သား တွေက အတည်ပြုပြောကြားပေးခဲ့ပါတယ်။

အသက် ၇၀ နှစ်အရွယ် Lemmy ဟာ သူ့မှာ ကင်ဆာရောဂါပြင်းထန်နေတယ်ဆိုတာကို သိပြီး ၂ရက်ခန့် အကြာမှာပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ Motorhead ရဲ့  Facebook စာမျက်နှာမှာရေးသားထားပါတယ်။ တစ်ကယ်တော့ Lemmy ဟာ ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း ကျန်းမာရေး ပြဿနာ မြောက်များစွာကို ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာလည်း ပုံမှန် နှလုံးခုန်နှုန်းမျိုး ရရှိနေဖို့အတွက် အီလက်ထရစ် နှလုံးခုန်စက် ထည့်သွင်းထားရသူဖြစ်ပါတယ်။

Lemmy ရဲ့  အချိုးမပြေပဲ ဆိုးသွမ်းတဲ့ အကျင့်စရိုက်တွေဟာ သူ့ကိုပိုမိုထင်ရှားပေါ်လွင်စေခဲ့တာပဲဖြစ်ပါတယ်။ သူဟာ ကနေဒါ နယ်စပ်မှာလည်း မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု နဲ့ အဖမ်းခံခဲ့ရဖူးပြီး သူ့ဘ၀တစ်လျှောက်မှာလည်း မူးယစ်ဆေးဝါးနဲ့ အရက် ပြဿနာတွေကို ကြုံတွေ့ နေခဲ့ရတာဖြစ်ပါတယ်။ သူဟာ အသက် ၃၀ ပြည့်ပြီးကတည်းက တစ်နေ့ကို Jack Daniel's အရက်ပုလင်း တစ်ပုလင်း ပုံမှန်သောက်သုံးလေ့ရှိတယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။

Lemmy ဟာ ဗြိတိန်နိုင်ငံ ၊ စတတ်ဖ်ဖို့ဒ်ရှိုင်းယား မြို့ မှာ ၁၉၄၅ ခုနှစ်တုန်းက မွေးဖွားခဲ့တာဖြစ်ပြီး The Beatles အဖွဲ့ ရဲ့  ဖျော်ဖြေမှုတွေကို တွေ့ပြီး ဂီတသမား တစ်ယောက် ဖြစ်လာခဲ့တာပါ။ သူ့ရဲ့ အသက် ၂၀ အရွယ်ခန့်တုန်းကတော့ တီးဝိုင်းများစွာမှာ လှည့်ပတ် ပါဝင်နေခဲ့ပြီး Jimi Hendrix ရဲ့  နယ်လှည့်ဖျော်ဖြေပွဲမှာလည်း လုပ်အားပေး အဖွဲ့သား အဖြစ် တာဝန်ထမ်းဆောင်ပေးခဲ့ဖူးပါတယ်။

Motorhead အဖွဲ့ ရဲ့ အထင်ရှား အကျော်ကြားဆုံးတေးသီချင်းကတော့ "Ace of Spades" ပဲဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror