Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , No Tofu မဂ္ဂဇင်းကာဗာအတွက် အဖော်အချွတ် ဓါတ်ပုံရိုက်ခဲ့တဲ့ Lindsay Lohan

No Tofu မဂ္ဂဇင်းကာဗာအတွက် အဖော်အချွတ် ဓါတ်ပုံရိုက်ခဲ့တဲ့ Lindsay Lohan

| No comment



ဟောလီးဝုဒ် မင်းသမီး Lindsay Lohan ဟာ အရင်ကတည်းက သူ့ရဲ့ အရေပြားတွေကို ပြသဖို့ ကြောက်တတ်သူတစ်ယောက် မဟုတ်ခဲ့ပါဘူး။ သူဟာ Playboy မဂ္ဂဇင်းအတွက်လည်း အဖော်အချွတ် ဓါတ်ပုံရိုက်ခဲ့ဖူးသလို New York မဂ္ဂဇင်းအတွက်လည်း Marilyn Monrone အထာနဲ့ Sexy ကျကျ ဓါတ်ပုံ ရိုက်ခဲ့ဖူးပါတယ်။

အသက် ၂၉ နှစ်အရွယ် မင်းသမီး Lindsay Lohan ဟာ ဒီတစ်ကြိမ်မှာလည်း သူမရဲ့ အ၀တ်အစားတွေဖယ်ရှားပြီး ဓါတ်ပုံရိုက်ခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ်ကတော့ No Tofu မဂ္ဂဇင်းအတွက် ဖြစ်ပါတယ်။

Lindsay Lohan ဟာ အ၀တ်အစားတွေမပါပဲ အိပ်ယာခင်း အဖြူတစ်ခုနဲ့ သာ သူမရဲ့ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားပြီး No Tofu ဆိုတဲ့ ဖက်ရှင် မဂ္ဂဇင်း ရဲ့ နောက်ဆုံးထုတ်စာစောင် ကာဗာ အတွက် ဓါတ်ပုံရိုက်ခဲ့တာဖြစ်ပါတယ်။

Lindsay Lohan ကို ဖက်ရှင် မဂ္ဂဇင်းတွေရဲ့ ကာဗာ မှာ နောက်ဆုံးမြင်တွေ့ခဲ့ရတာဟာ ၂၀၁၄ ခုနှစ်က Wonderland ရဲ့ Mean Girls ပုံစံ စာစောင်မှာပဲဖြစ်ပါတယ်။ ဒီရက်ပိုင်းတွေမှာတော့ Lindsay Lohan ဟာ ရုပ်ရှင်အသစ်တစ်ခု ရိုက်ကူးခြင်းနဲ့ အလုပ်ရှုပ်နေခဲ့တယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Huffington Post