Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / One Direction အဖွဲ့၏နောက်ဆုံးဖျော်ဖြေမှုမလုပ်မှီ David Beckham နှင့်နာမည်ကျော်များချီးကျူးစကားဆိုခဲ့ကြ

One Direction အဖွဲ့၏နောက်ဆုံးဖျော်ဖြေမှုမလုပ်မှီ David Beckham နှင့်နာမည်ကျော်များချီးကျူးစကားဆိုခဲ့ကြ

| No comment

One Direction အဖွဲ့ဟာပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ X Factor ပြိုင်ပွဲ ဗိုလ်လုပွဲမှာ သူတို့ရဲ့နောက်ဆုံးဖျော်ဖြေပွဲ အနေနဲ့ History နဲ့ Infinity ဆိုသော သီချင်းနှစ်ပုဒ်ဖြင့်ဖျော်ဖြေခဲ့ပြီး သူတို့ရဲ့
လာမယ့်အားလပ်ရက်တွေအတွက် တာဝန်ကျေခဲ့ကြပါတယ်၊

ကမ္ဘာကျော်ဘောလုံးစတား David Beckham ကလည်းOne Direction အဖွဲ့ကိုချီးကျူးဂုဏ်ပြုတဲ့ ဗီဒီယိုတစ်ခုကိုတင်ခဲ့ပြီး၊ "မယုံနိုင်စရာအရည်အချင်း"လို့သူတို့ကိုဂုဏ်တင်ချီးမွန်းခဲ့ပါတယ်၊

မန်ယူအသင်းရဲ့တိုက်စစ်မှူး Wayne Rooney နဲ့ သူတို့အဖွဲ့ရဲ့ မိတ်ဆွေ နာမည်ကြီးမင်းသား James Cordenတို့ကလည်း သူတို့အဖွဲ့ကိုMessage တွေပို့ပြီးဂုဏ်ပြုခဲ့ကြပါတယ်၊


Wayne Rooneyက "မင်းတို့ရဲ့အားလပ်ရက်တွေမှာပျော်ရွှင်ပါစေ" ဆိုပြီးကြားထဲမှာနားတော့မယ့်သူတို့အားလပ်ရက်တွေကိုရည်၇ွယ်ပြီးရေးသားခဲ့သလို၊ Little Mix အဖွဲ့ကလည်း "သင်တို့ဟာ နောက်နှစ်
ပေါင်းများစွာတိုင်အောင် ကျော်ကြားနေဦးမှာဖြစ်ပြီး သင်တို့အတွက်အရမ်းဂုဏ်ယူပါတယ်" လို့နွေးနွေးထွေးထွေးပြောကြားခဲ့ပါတယ်၊

သူတို့အဖွဲ့ရဲ့ အကြီးအကဲဖြစ်တဲ့ Simon Cowell ကလည်း "မင်းတို့နဲ့အလုပ်လုပ်ရတာကိုအမြဲပျော်ရွှင်ခဲ့သလို အမြဲလဲဂုဏ်ယူခဲ့ပါတယ်၊ အရမ်းလဲကျေးဇူးတင်ပါတယ်၊ မင်းတို့ရဲ့အားလပ်ရက်တွေကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပြီး အဲ့ဒီအထူးအခွင့်အရေးကိုပျော်ရွှင်စွာအသုံးချနိုင်ပါစေ"လို့ပြောခဲ့ပါတယ်၊

One Direction အဖွဲ့ဟာ ဒီဖျော်ဖြေပွဲနောက်ပိုင်းမှာ ဂီတလောကကနေတစ်နှစ်ခန်အနားယူမှာဖြစ်တယ်လို့သိရပါတယ်၊ အဖွဲ့ဝင် Zayn Malik တစ်ယောက် ပြီးခဲ့တဲ့ မတ်လကထွက်ခွာခဲ့ပြီးနောက်ပိုင်းမှာ
အဖွဲ့ကိုဖျက်သိမ်းတော့မယ့်သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပေမယ့် ဖျက်သိမ်းမှာမဟုတ်ပဲ ခေတ္တအနားယူမှာသာဖြစ်ကြောင်းကြေငြာခဲ့ပါတယ်၊


(Blue Lion)
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: Mirror