Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Pamela Anderson ကိုဖိတ်ခေါ်ပြီး နယ်လှည့်ဖျော်ဖြေပွဲ ကို အဆုံးသတ်ခဲ့တဲ့ Miley Cyrus

Pamela Anderson ကိုဖိတ်ခေါ်ပြီး နယ်လှည့်ဖျော်ဖြေပွဲ ကို အဆုံးသတ်ခဲ့တဲ့ Miley Cyrus

| No comment



အဆိုတော် မလေး Miley Cyrus ဟာ သူမရဲ့  "Dead Petz" ဆိုတဲ့ နယ်လှည့် ဖျော်ဖြေပွဲကို LA မြို့ မှာ အထူးဧည့်သည် တစ်ယောက်ကို စင်ပေါ်ခေါ်တင်ပြီး အဆုံးသတ် ခဲ့ပါတယ်။

သူမ ရဲ့ နောက်ဆုံး တင်ဆက်မှုအနေနဲ့ စင်ပေါ်ကို ဧည့်သည် အဖြစ်တက်ရောက်လာသူကတော့ Playboy ရဲ့ နာမည်ကြီး မော်ဒယ်လ် Pamela Anderson ပဲ ဖြစ်ပါတယ်။ Pamela Anderson ဟာလည်း တိရိစ္ဆာန်အခွင့်အရေး အတွက် တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်သလို PETA ကို ထောက်ခံသူတစ်ယောက်လည်း ဖြစ်ပါတယ်။

Pamela Anderson ဟာ အနက်ရောင် ၀တ်စုံနဲ့အတူ "ဝေလငါးတွေကို ကယ်တင်ပါ" ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားပါတယ်။ ဒါ့အပြင် သူမရဲ့ ဘယ်ဘက်ခြေထောက်မှာလည်း "လှောင်အိမ်တွင်းဖမ်းဆီးခြင်းအလိုမရှိ" ဆိုတဲ့ စာသားကိုလည်း ရေးသားထားပါသေးတယ်။

ထုံးစံအတိုင်းပဲ ရင်သားအတု နဲ့ လုံးဝ မယဉ်ကျေးတဲ့ ၀တ်စုံကို ၀တ်ဆင်ထားတဲ့ Miley Cyrus နဲ့ Pamela Anderson တို့ဟာ တိရိစ္ဆာန် အခွင့်အရေးအတွက်သာ မကပဲ လိင်တူ ဆက်ဆံသူများ လူ့အဖွဲ့အစည်းကို လည်း ထောက်ခံတဲ့ စိတ်သဘောထားတွေကို စင်ပေါ်ကနေ ဝေမျှ ခဲ့ကြသေးတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Huffington Post